Chapter (29) Dobbyကြောင့် ရထားလွတ်သွားပြန်ပြီ

928 136 14
                                    

Unicode

များမကြာမီအတွင်း ကျောင်းဖွင့်ရက်တို့ ပြန်လည်ရောက်ရှိလာတော့မည်ဖြစ်ပြီး ပျော်ရွှင်ဖွယ်နေ့ရက်များဟာ အမြဲလိုလို တိုတောင်းလွန်းလှသဖြင့် Dracoဟာ Harryကို Malfoyအိမ်တော်တစ်ခုလုံး နေရာအနှံ့ လိုက်မပြနိုင်ဖြစ်ခဲ့ချေ။

---Malfoy စံအိမ်တော်က အရမ်းကြီးလွန်းနေတာကြောင့် မဟုတ်ဘူးလို့ပဲထားလိုက်ရအောင်...

မသွားခင်တစ်ညအလိုတွင် Dracoနဲ့ Harryတို့ဟာ ကိုယ်စီကိုယ်စီပစ္စည်းများ ကြိုတင်ထုပ်ပိုးထားကြသဖြင့် နောက်နေ့မနက်တွင် အလျင်မလိုဘဲ စိတ်အေးလက်အေး သွားနိုင်ကြခြင်းဖြစ်သည်။ King Cross ဘူတာရုံသို့ရောက်ချိန် Hogwarts ရထားစထွက်ရန် အချိန်အနည်းငယ်လိုနေသေးသည်။ Harryက Weasleyမိသားစုတွေကို စောင့်နေချင်သည်ဟုပြောပြီး Malfoyတို့ကို ရထားစင်္ကြံ ပလက်ဖောင်း 9¾ထဲ အရင်ဝင်ခိုင်းလိုက်သည်။ Dracoက သူ့သေတ္တာကို ရထားပေါ်အရင်တင်ထားပေးမည်ဟု ပြောလာသဖြင့် Harryလည်း သဘောတူလိုက်ပြီး သူ၏တံမြက်စည်းပျံနှင့် Hedwigကိုတော့ ထားရစ်ခဲ့စေလိုက်သည်။ ရထားမထွက်ခင် ငါးမိနစ်ခန့်အလိုတွင် Weasleyမိသားစုတို့ အသုတ်သုတ်အပျာပျာနှင့် ရောက်လာကြပြီး နောက်ကျနေပြီဖြစ်သည့်အတွက် အချင်းချင်းနှုတ်ဆက်ချိန်တောင် မရှိလိုက်ကြ။ ထို့နောက် တစ်ဦးပြီးတစ်ဦး ပလက်ဖောင်း 9¾ထဲ အပြေးအလွှားဝင်သွားကြသည်။

တစ်မိနစ်မျှသာ ကျန်တော့သည့်အချိန်တွင် Ronက သူတို့နှစ်ယောက်အတူဝင်ရန် ပြောဖို့အပြင် Harryက ဖိနပ်ကြိုးချည်ရင်း အလုပ်ရှုပ်ယောင်ဆောင်နေသည့်အတွက် သူသာအရင်ပြေးဝင်သွားလိုက်သည်။ ပလက်ဖောင်း 9နှင့် 10ကြားနံရံအတွင်း Ronပျောက်သွားတော့မှ Harryလည်း တကယ်ကြိုးပြေနေတာမဟုတ်သည့် သူ့ဖိနပ်ကြိုးကိုလွှတ်ပြီး နံရံကိုသွားထိကြည့်လိုက်သည်။

လက်ချောင်းတစ်ချောင်းတောင် ဖြတ်၍မရနိုင်တော့ပြီ။

Harryလည်း သက်ပြင်းချလိုက်ပြီး သူ့တံမြက်စည်းနှင့် Hedwigကိုထည့်ထားသည့် လှောင်အိမ်လေးကိုသယ်ကာ King Crossဘူတာရုံအပြင်သို့ ထွက်သွားလေသည်။

ကောင်းလိုက်တဲ့ Dobby... အခုတော့ ကယ်တင်ရှင်ကြီးမှာ လန်ဒန်မြို့လမ်းလယ်ခေါင်တွင် တံမြက်စည်းတစ်ချောင်း၊ ဇီးကွက်တစ်ကောင်နှင့် ငွေလည်းတစ်ပြားမှ ပါမလာချေ။

𝙰𝙶𝙰𝙸𝙽 - Drarry (မြန်မာဘာသာပြန်)Where stories live. Discover now