Chapter (44) Malfoyမိသားစုရဲ့ ဆုံးဖြတ်ချက်

893 109 7
                                    

Unicode

ထိုညဟာ Harryအတွက် အလွန်နှစ်ခြိုက်စွာ အိပ်ပျော်နိုင်ခဲ့တဲ့ ညတစ်ညဖြစ်ခဲ့သည်။ သူဟာ တင်းကျပ်စွာ လွှမ်းခြုံထားတဲ့ စောင်ပုံထဲတွင် နစ်မြုပ်နေပြီး ပြတင်းပေါက်လိုက်ကာမှ ထိုးဖောက်ဝင်ရောက်လာတဲ့ မွန်းတည့်နေရောင်ကြောင့် နိုးထလာခဲ့သည်။ အိပ်ရေးဝဝအိပ်လိုက်ရသည့်အတွက် စိတ်ကြည်လင်လန်းဆန်းနေပြီး အညောင်းအညာဆန့်လိုက်သည်။

"နိုးပြီလား?"

Dracoရဲ့အသံကို မလှမ်းမကမ်းနေရာမှ ကြားလာရသဖြင့် Harry ခေါင်းလှည့်ကြည့်လိုက်ရာ မှုန်ဝါးနေတဲ့မြင်ကွင်းထဲတွင် ရွှေဖြူရောင်ဆံပင်နှင့် ကောင်လေးတစ်ယောက်က စာရေးစားပွဲတွင်ထိုင်ပြီး သူ့ကိုကြည့်နေသည်ကို တွေ့လိုက်ရသည်။

"ကောင်းသောမနက်ခင်းပါ"

သူဟာ အိပ်ရာမှာထလာပြီး ဗလုံးဗထွေးနှင့် ပြောလိုက်သည်။ ခုတင်ဘေးစားပွဲပေါ်က မျက်မှန်ကို စမ်းတဝါးဝါးနှင့် လက်လှမ်းယူကာ မျက်မှန်တပ်လိုက်သည်။

"တောင်းပန်ပါတယ်။ ငါ အိပ်ရာထနောက်ကျသွားတယ်"

"မင်းကို စောစောနှိုးဖို့လည်း ရည်ရွယ်ချက်မရှိပါဘူး။ မင်း ကောင်းကောင်း အနားယူသင့်တယ်"

Dracoက အခန်းထဲမှာ အရင်တုန်းကမရှိဘူးတဲ့ စားပွဲတစ်လုံးကို လက်ညှိုးထိုးလိုက်ပြီး

"နေ့လယ်ရောက်နေပြီ ဆိုပေမယ့်လည်း ဒီမှာ မင်းအတွက် မနက်စာ"

"အရင် ရေချိုးလိုက်ဦးမယ်"

Harryက ခုတင်ပေါ်မှ ဆင်းလာပြီး ခေါင်းအုံးတွေကို သပ်သပ်ရပ်ရပ် ပြန်ထားပြီး စောင်တွေကိုလည်း ခေါက်နေသည်။

"မလုပ်နဲ့ Harry"

Dracoက သက်ပြင်းချလိုက်ပြီး

"မနှစ်က နွေရာသီတုန်းကလည်း ပြောခဲ့တယ်လေ။ မင်း အဲ့တာတွေ လုပ်စရာမလိုဖူးလို့"

Harryက ခေါက်လက်စစောင်ကို ငုံ့ကြည့်လိုက်ပြီး သူတို့နှစ်ယောက် မအိပ်ခင်ကအတိုင်း နဂိုပုံစံဖြစ်အောင် သပ်သပ်ရပ်ရပ် ထားလိုက်သည်။

𝙰𝙶𝙰𝙸𝙽 - Drarry (မြန်မာဘာသာပြန်)Where stories live. Discover now