Chapter (62) ဟော့စ်မိတ်ရွာသို့အလည်အပတ်

366 62 9
                                    

Unicode


Hufflepuffအသင်းနှင့် ပြန်လည်ယှဉ်ပြိုင်ပွဲဟာ Harry နေပြန်ကောင်းလာပြီး နောက်တစ်ပတ်အကြာ မိုးသည်းသည့်နေ့တွင် ပြန်လည်ကျင်းပသည်။ Harryရဲ့ Nimbus 2000 ကျိုးသွားသဖြင့် Dracoက သူပထမနှစ်တုန်းကသုံးတဲ့ Nimbus 2000 တံမြက်စည်းပျံကို Harryအား (ငှား)ပေး၏။ Slytherin Quidditchတစ်သင်းလုံးကို Nimbus 2001များနှင့် လဲပေးပြီးနောက် Dracoဟာ ကျောင်းရဲ့တံမြက်စည်းပျံဗီရိုထဲကိုလည်း တံမြက်စည်းအချို့လှူထားလိုက်သေးသည်။ ထိုအနိုင်အရှုံးယှဉ်ပြိုင်ပွဲတွင် Harry နိုင်သွားသော်လည်း ပြိုင်ပွဲပြီးသည်နှင့် တံမြက်စည်းကိုတော့ ပြန်ပေးလိုက်ရ၏။

ဤတစ်ကြိမ်တွင်တော့ ကွင်းတစ်ခုလုံး ရေလှိုင်းလုံးများသဖွယ် အကြိတ်အနယ်အားပေးနေကြပြီး ဝိညာဉ်စုပ်ကောင်တွေလည်း အရင်တစ်ခေါက်ကလို အလုံးအရင်းနှင့်ဝင်ရောက်မလာတော့။ ထိုကောင်းကျိုးမပေးတဲ့ စိတ်ဓာတ်ကျစရာသတ္တဝါတွေဟာ အဲ့ဒီနေ့မှစ၍ ကျောင်းဂိတ်ပေါက်ဝအပြင်မှာပဲ ငြိမ်ငြိမ်ဆိမ်ဆိမ်နှင့် ကင်းစောင့်နေကြရသည်။ Dumbledoreရဲ့ ဒေါသပေါက်ကွဲမှုက အတော်လေးအကျိုးရှိသွားတယ်လို့ပဲ ဆိုရပေမည်။ မျက်စိတစ်မှိတ်အတွင်းမှာပဲ စာသင်နှစ်တစ်ဝက်မပြီးခင် နှစ်ပတ်အလိုသာကျန်ရှိတော့သည်။ နောက်ဆုံးတွင်မူ နေလင်းရောင်ခြည်မြင်ရသည့်နေ့များသို့ ပြန်လည်ရောက်ရှိလာခဲ့လေရာ ရွံ့ဗွက်မြေများနှင့် စိုစွတ်သည့်လေထုတို့ဟာလည်း နှင်းရည်စက်များအဖြစ်ပြောင်းလဲaပြီး တဖြည်းဖြည်းအေးခဲလာကာ အဖြူရောင်နှင်းထုများက အစားထိုးဝင်ရောက် ဖုံးလွှမ်းလာတော့လေသည်။

ခရစ်စမတ်စ်နေ့မတိုင်မီ နောက်ဆုံးအပတ် စနေ၊တနင်္ဂနွေပိတ်ရက်သည် ဟော့စ်မိတ်ရွာသို့ သွားလည်ခွင့်ရသည့်အပတ်ဖြစ်၏။ Ronနှင့် Hermioneတို့ဟာ ဒီနှစ်ခရစ်စမတ်စ်တွင် အိမ်မပြန်ဘဲကျောင်းတွင်နေရစ်ဖို့ ဆုံးဖြတ်ထားသဖြင့် ထိုပိတ်ရက်တွင် ခရစ်စမတ်စ်နေ့အတွက် လိုအပ်သည့်ပစ္စည်းများဝယ်ယူဖို့ စီစဉ်နေကြသည်။ သူတို့ဟာ အဓိက Harryအား အခြားသူများကိုလက်ဆောင်ပေးဖို့ ကူဝယ်ခဲ့ပေးရမလားဟုမေးသည်။ အထူးသဖြင့် အချို့သောအထူးသီးသန့်ပုဂ္ဂိုလ်အတွက်ပေါ့။ Harryက ငြင်းဆန်လိုက်ပြီး သူ့မှာလည်း သူ့ကိုယ်ပိုင်အစီအစဉ်ရှိကြောင်းပြောကာ ကျေးဇူးတင်လိုက်သည်။

𝙰𝙶𝙰𝙸𝙽 - Drarry (မြန်မာဘာသာပြန်)Where stories live. Discover now