Chapter (49) အချိန်ယန္တရားရဲ့ သက်ရောက်မှု

727 94 6
                                    

Unicode

Dracoဟာ Slytherin မြေအောက်အဆောင်သို့ သွားသည့်လမ်းတစ်လျှောက်လုံး စိတ်နှင့်လူနှင့်မကပ်ဖြစ်နေသည်။ ရုတ်တရက် သူက Pansyကို လှမ်းဆွဲပြီး စိတ်ကူးယဉ်ကမ္ဘာထဲ နစ်မြောနေသည့်လေသံဖြင့် ပြောလာသည်။

"Harryက ငါ့အတွက် Wedding March ဆိုပြတယ်"

Pansyရဲ့ မျက်နှာ ဖြူဖပ်ဖြူရော်ဖြစ်သွား၏။

"အော် ဟုတ်လား"

Dracoက Pansyကို လွှတ်လိုက်ပြီး ဟိုဟိုသည်သည် ခဏလျှောက်ကြည့်နေပြီးနောက် အနောက်သို့ပြန်လှည့်ကာ Blaiseကို လှမ်းဆွဲလိုက်ပြန်သည်။

"Harryက ငါ့အတွက် Wedding March ဆိုပြတယ်သိလား"

Blaiseက Dracoရဲ့ လက်ကိုဖယ်ထုတ်ပြီး အေးစက်စွာပြောလိုက်သည်။

"မင်းဟာမင်း အရမ်းစိတ်ကူးယဉ်လွန်းနေပြီ"

"ဟုတ်ပါပြီ ကျေးဇူးပဲ ဂုဏ်ယူပါတယ်"

Dracoက Blaiseကိုလွှတ်လိုက်ပြီး ပျော်မြူးစွာခေါင်းညိတ်ပြသည်။ Blaiseမှာ ဘာမှမပြောနိုင်အောင် ဆွံ့အသွားရ၏။

"မင်းအခုပြောတဲ့စကားက မင်းငါ့ကို ပထမဆုံးအကြိမ် လာပြောတုန်းကလည်း ငါပြန်ပြောခဲ့တဲ့စကားပဲလေ!"

Dracoက စိတ်မရှည်ဖြစ်နေတဲ့ Blaiseကို ကြည့်လိုက်ပြီး အိပ်မက်ဆန်ဆန်အပြုံးမျိုး ပြုံးပြလာသည်။

"ဟုတ်ပါပြီ ကျေးဇူးပဲ ဂုဏ်ယူပါတယ်"

သူ့ကိုစကားပြောပြီးနောက် သူက တစ်ဖက်ကိုလှည့်သွားပြန်ပြီး Crabbeနှင့် Goyleတို့ကို ပုခုံးကနေဖက်လိုက်သည်။

"Vincent ၊ Gregory မင်းတို့သိလား Harryက ငါ့ကို Wedding Marchတေးသွား ဆိုပြတယ်"

"ဂုဏ်ယူပါတယ် Malfoy"

ထိုကောင်လေးနှစ်ယောက်က သူတို့အဖေတွေရဲ့ မျိုးရိုးကိုဆက်ခံပြီး Malfoyမိသားစုရဲ့ နောက်လိုက်တွေအဖြစ် ခံယူထားကြပေမယ့် ယခုလို ရုတ်တရက်ကြီး နီးကပ်ရင်းနှီးလာမှုကြောင့် ဘာလုပ်လို့လုပ်ရမှန်းမသိ ဖြစ်နေကြသည်။ သို့ပေမယ့်လည်း သူတို့တွေဟာ ဘယ်နှစ်ခါမြောက်မှန်းမသိ အထပ်ထပ်အခါခါ ပြောပြီးပြီဖြစ်တဲ့ ထိုစကားကိုပဲ ပြိုင်တူပြန်ပြောပေးလာသည်။

𝙰𝙶𝙰𝙸𝙽 - Drarry (မြန်မာဘာသာပြန်)Where stories live. Discover now