P2
"Hey!...What's up bro?...မင်းကဘယ်တုန်းကဒီကျောင်းမှာတက်ဖြစ်သွားရတာလဲ...."
ကျောင်းအဝင်ဝတွင် စီးကရက်တစ်လိပ်အား ဖွာရှိုက်ရင်း...လက်ပိုက်နေသော Kim Taehyungအား...လှမ်းမေးလိုက်သည်။
"အချစ်ရှိရာပေါ့ကွာ...."
"အက်လဲ့....ငါ့ကိုအချစ်လို့တင်စားတယ်ပေါ့လေ..."
"ရူး...တော်တော်ရူးတဲ့ကောင်...Hobi Hyungက ဒီကျောင်းမှာပြောင်းလာလို့ငါလည်းလိုက်ပြောင်းလာတာ..."
"ဟက်....ဟိုကပြန်ကြိုက်တာလည်းမဟုတ်ပဲနဲ့...ဇွဲမင်းသားလုပ်နေတယ်....Kim Taehyungရေ...မင်းအစားငါရင်လေးပါတယ်ကွာ...."
"ငါ့အချစ်သာစစ်မှန်ရင်....ပြန်ချစ်မှာပါကွာ....သူ့ဘာသူပြန်ချစ်ချစ်မချစ်ချစ်...သူပြုံးတာလေးမြင်လိုက်ရရင်...ငါ့ရဲ့တစ်နေ့တာကအဆင်ပြေနေတုန်းပဲ...မင်းကိုအချစ်အကြောင်းပြောလည်းနားလည်မှာမဟုတ်ပါဘူး...ရော့...စီးကရက်ဖွာမလား..."
ယောင်းက ဆေးလိပ်ကမ်းပေးတော့...ကျွန်တော်ယူလိုက်သည်။
"ဟ....မီးခြစ်ပါပေးလေ..ငနာရဲ့...ငါကမင်းဘဂျီးမီးရှို့ပြီးသောက်ရမလား..."
"နေအုန်းကွ...ပေးမှာပေါ့ ဘလိုဖြစ်နေတာလဲ..."
Kim Taehyungသည် အကြိုအကြားမှ မီးခြစ်အားထုတ်လိုက်ပြီး....
"ရော့...ဒါစျေးကြီးတယ်နော် Limited Edition.... "
"တော်ပါကွာ...မီးခြစ်ကမီးညှိရရင်ပြီးတာပဲ...လုပ်မနေနဲ့..."
Jkသည် ပြောရင်းဆိုရင်းမှ မီးခြစ်အား ခြစ်ကာ...ဆေးလိပ်အားညှိလိုက်သည်။
"ပေးစမ်း!...ငါ့ရှေ့မှာဆေးလိပ်သောက်ရဲတယ်ပေါ့...ဟမ်...အသက်လေးတွေကဖြင့်ဘယ်လောက်မှမရှိသေးဘူး...bellကတီးနေပြီ...အတန်းတက်တော့လေ..ဘာတွေလေပေါနေတာလဲ..."
"ဂွပ်!..."
"အ့.."
Park Jiminသည် အငွေ့တထောင်းထောင်းထွတ်နေသောဆေးလိပ်အား နင်းခြေလိုက်ပြီး...ခေါင်းကိုဂွပ်ခနဲခေါက်ပစ်လိုက်သည်။
Jeon Jaungkook သည်ခေါင်းအားလက်ြဖင့်ပွတ်သပ်ရင်း မကျေမနပ်ကြည့်တော့...ဆရာသည်ထွတ်သွားလေပြီ...။