အိမ်ရှေ့မှ ကားသံကြားသည်။
ပြန်လာပြီထင်တယ်.....။"Jeon Jaungkookkkkk! ...."
ဒယ်ဒီသည် ဒေါသတစ်ကြီး ပြေးဝင်လာပြီး...ကျွန်တော့်အင်းကျီကော်လံစအား ဆွဲဆုပ်လျှက်....
"မင်းမှာ Time tableမရှိဘူးလား....ဒီအချိန်က Guideပြတဲ့အချိန်ဆိုတာမင်းမေ့နေတာလား...ဟမ်!...Busanပြန်ပို့မယ်ပြောတာတောင်မကြောက်ဘူးဆိုတော့...မင်းကတော်တော် ဆိုးနေပြီ...မင်းကိုစာသင်ဖို့...ဆရာကစောင့်နေတာအခုထိပဲ...."
ဒယ်ဒီ သိပ်စိတ်တိုနေသည့်ပုံ.....။
ဆရာJiminက ခုချိန်ထိမပြန်ပဲစောင့်နေတာတဲ့....။
ပြန်မလာဘူးဆိုလည်း....အိမ်ပဲပြန်လိုက်ရောပေါ့....ဘနှယ့်လူကိုစိတ်မကောင်းအောင်...စောင့်နေရသလား....။ဒီဆရာအဆိုးလေးကတော့...။"သား....သား...သူငယ်ချင်းနဲ့.. ဆိုင်ထိုင်ရင်းစကားလက်ဆုံကျနေတာနဲ့...နောက်ကျသွားတာပါ...သားမေ့သွားလို့ပါ...ဒယ်ဒီ...သား အင်းကျီပြဲတော့မယ်...လွှတ်..လွှတ်ပါအုန်း..."
"ရှင်ကလည်း...လွှတ်လိုက်တော့လေ...ဟိုမာလေထဲတောင်မြောက်နေပြီ....သူမေ့နေလို့ပါတဲ့ဆိုမ..."
မာမီသည် ဒယ်ဒီ့လက်တွေအားပုတ်ချလိုက်ပြီး...
"သားကလည်းနောက်ဆို....အချိန်တိကျမှပေါ့...ဒီအချိန်မှဆိုတော့..ဘာလဲ...သားကောင်မလေးလား..."
"ဟို...ကောင်မလေးတော့မဟုတ်ပါဘူး...ဒီတိုင်းအသိပါ..."
"စိတ်ဝင်စားနေတယ်ဆိုပါတော့..."
"အဲ့တာက....ဟို..."
"မင်းဘယ်လိုဖြစ်နေတာလဲ..အသာနေစမ်းပါ..မင်းကရည်းစားတွေဘာတွေတောင်ထားဖို့စိတ်ကူးနေပြီပေါ့....ဟုတ်လား...".
"ဒယ်ဒီကလည်း...သားအသက်ကငယ်တော့တာကြလို့....သားချစ်တဲ့သူတွေ့ရင် ရည်းစားထားမှာပဲလေ...ပင်ပန်းနေပြီ....သားအိပ်တော့မယ်...."
Jeon Jaungkookသည် စိတ်ရှုပ်သည့်အလား ဆံပင်များအားထိုးဖွရင်း...အိမ်ပေါ်ပြေးတက်သွားသည်။
"အဲ...သားအခန်းထဲမှာ...ဆရာ..."
"သူ့မှာမျတ်လုံးပါတယ်...ပြောမနေနဲ့...အချိုးကိုမပြေဘူးအဲ့ကောင်..."