A

1.5K 75 1
                                    

A.N.G.E.L (SunJay)

ဖြူဖွေးလွန်းတဲ့အလင်းရောင်နဲ့ လိုက်ဖက်ညီနေသည့် ခန့်ညားတဲ့မျက်နှာဟာ ဆောနူ ရဲ့ရင်ခုန်မှု့နှုန်းတွေကို အတက်အကျမညီစေနိုင်ခဲ့

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.


ဖြူဖွေးလွန်းတဲ့အလင်းရောင်နဲ့ လိုက်ဖက်ညီနေသည့် ခန့်ညားတဲ့မျက်နှာဟာ ဆောနူ ရဲ့ရင်ခုန်မှု့နှုန်းတွေကို အတက်အကျမညီစေနိုင်ခဲ့..

"ဘယ်သူလဲ ခင်များကဘယ်သူလဲ??"

အိမ်မက်ထဲကနေမနိုးထနိုင်သော်လည်း ဆောနူ နှုတ်ခမ်းဖျားထက်တွင်တော့ ထိုသူကိုပြောနေတဲ့စကားတွေရှိနေခဲ့သည် ။

အိမ်မက်ထဲကထိုအမျိုးသားသည် ချောသည် , ကြည့်ကောင်းသည် , ဆွဲဆောင်မှု့ရှိသည် ။ နက်ပြာရောင် ဆံပင်တို့နှင့် အဖြူရောင်ကုတ်အင်္ကျီအားဆင်မြန်းထားသည်မှာလဲ ပကတိ ခန့်ညားလှ၏ ။

ဆောနူ ကိုပြုံးကြည့်နေရင်းမှ တစ်ဖက်သို့လှည့်ထွက်သွားတဲ့အခါ 'ခင်များဘယ်သူလဲ' လို့မေးနေခဲ့တဲ့ ဆောနူ ကပဲ

"မသွားပါနဲ့...ထွက်မသွားပါနဲ့...ကျေးဇူးပြုပြီး မသွားပါနဲ့"

ငှက်မွှေးဖြူဖြူလေးတွေကြားပျောက်ကွယ်သွားတဲ့ ကျောပြင်ကျယ်ကိုဆောနူ လှမ်းခေါ်နေရင်း လန့်နိုးလာခဲ့သည် ။ ဘေးနားတွင်တင်ထားသော နာရီလက်တံမှာ ၃:၀၀ ကိုညွန်ပြနေလေရဲ့..

ဆောနူ နဖူးကချွေးစတို့ကို လက်ဖမိုးနဲ့ဖိသုတ်လိုက်ရင်း ခေါင်းကိုခပ်ကြမ်းကြမ်းခါပစ်လိုက်သည် ။

"ဟင့်အင်း..နောက်နေ့ထပ်မမက်ပါရစေနဲ့တော့..."

စောင်ကိုအသာဆွဲခြုံကာ အိပ်ဆက်ခြင်းကို ကြိုးစားလိုက်တဲ့ဆောနူသည် အိမ်မက်ထက်မမက်တော့ပါပဲ အိပ်ပျော်သွားခဲ့ပြီဖြစ်တယ်..။

• • • •   A.N.G.E.L     • • • •

မနက် ၅:၀၀ , ဆောနူ ပေးထားသည့် နာရီ alarm ကြောင့်ထလိုက်ရင်း ရေချိုးခန်းဆီသွားကာ ​မျက်နှာသစ်လိုက်သည် ။

ANGEL - SunJayWhere stories live. Discover now