A.N.G.E.L (SunJay)
ဖြူလင်းလင်း မျက်နှာကြက်သည် ဆောနူ အမြင်တွေထဲဝိုးတိုးဝါးတား.... ထို့နောက် ဆေးနံ့အချို့နဲ့ တိတ်ဆိတ်သောလေထုအားခံစားမိလိုက်သည် ။"ဆောနူ...ဆောနူ သတိရလာပြီ???"
သူ့ရဲ့အမည်နာမအား ယောင်္ကျားသားတစ်ယောက်ကခေါ်ဆိုနေတာ ဆိုပင်မယ့် ဆောနူ သေသေချာချာမမြင်ရသေးပေ ။ အလျင်စလို ထိုလူကတစ်နေရာကိုပြေးထွက်သွားတော့သည် ။
ဆောနူ မူးနောက်နောက်ဖြစ်နေသော ခေါင်းကိုအသာကိုင်လိုက်ရင်း အမြင်အာရုံကိုစုစည်းရတော့သည် ။ သူသည်ဆေးရုံအဝတ်အစားနဲ့ဖြစ်၍ လက်တွင်ရှိနေသော ဆေးပိုက်တွေက ဆေးရုံပေါ်ရောက်နေသည်ကို သတိထားမိလိုက်ပါသည် ။
"ဘာတွေဖြစ်ကုန်တာလဲ?"
ထို့နောက်အခန်းထဲကို ဆရာဝန်နဲ့ ဆရာမတွေဝင်လာရင်း နောက်ဆုံးမှာတော့ အကိုဂျယ်ယွန်း..
"လူနာ! ကျွန်တော်တို့ကိုမြင်ပါသလား?"
ဆောနူ ခေါင်းကိုဖြေးဖြေးငြိမ်ပြတော့
"ဒါဘယ်နှစ်ချောင်းလဲ?"
ဆရာဝန်ထောင်ပြသော လက်သုံးချောင်းအား ဆောနူ အသံထွက်၍
"သုံးချောင်း..."
"လူနာအခြေအနေကောင်းပါတယ် အခုလောလောဆယ် ဆေးသွင်းပေးခဲ့ပါမယ် ဒါဆို ညနေအဖြေစစ်ပြီးတာနဲ့ တစ်ပတ်နေရင် ဆေးရုံဆင်းလို့ရပါပြီ"
"ကျေးဇူးတင်ပါတယ် ဆရာ"
ဂျယ်ယွန်း ကဆရာဝန်အား ကျေးဇူးတင်ကြောင်းပြော၍ ထိုလူတွေအခန်းထဲကထွက်သွားမှ ဆောနူ နားကိုလာထိုင်ရင်း
"ဆောနူ..အကို့ကိုမှတ်မိသေးလားဟင်?"
"အင်း...အကိုဂျယ်ယွန်းလေ"
YOU ARE READING
ANGEL - SunJay
Fanfiction"You're My Angel" Kim Sunoo Just A fictional story ⚠️ [Uni] [Zaw]