A.N.G.E.L (SunJay)
Jay နဲ့ ဆောနူ , ဒီအိမ်ထဲတွင်ရောက်နေကြတာ တစ်ပတ်လောက်တော့ရှိမည် ။Jay က ဆောနူငယ်ငယ်တုံးကနေခဲ့ဖူးသော အိမ်လေးကိုခေါ်သွားခဲ့သည် ။
ဆောနူ ရဲ့ 'ကျွန်တော်တို့နေလို့ဖြစ်ရဲ့လား?' ဆိုတဲ့မေးခွန်းကို Jay မဖြေခဲ့သလို သူလူသားအဖြစ်ပြောင်းလဲလို့ရတာကိုလဲ ဆောနူ အားမပြောပြထားသည်မလို့ပင် ။ဆောနူ တစ်ယောက်ခြံထဲတွင် ပန်းလေးတွေကြည့်နေတုံး Jay ဘေးနားကိုရောက်လာခဲ့သည် ။
"ပန်းလေးတွေကိုကြိုက်လား ဆောနူ?"
"ဟုတ်..."
"ညိုးသွားမယ့် ပန်းတွေကိုဘာလို့ကြိုက်တာလဲ ဆောနူ?"
ထိုသို့ Jay မေးတော့ ဆောနူ တစ်ယောက် Jay ကိုစူပုတ်ပုတ်ကြည့်လိုက်ရင်း...
"လှတယ်လေ..သူတို့ကိုကြည့်ရင် စိတ်ချမ်းသာတယ်.."
"ဒါဆို! Jay ကရော? ဘာကိုမှမကြိုက်ဘူးလား?"
ဆောနူ ရဲ့အပြောကို Jay တစ်နေရာကိုကြည့်ကာ ပြုံးနေပြီး...
"ကိုယ်တို့အသဲနှလုံးကို Leuviah ပဲပိုင်တယ်... ကိုယ်တို့မှာ ခံစားချက်မရှိဘူး"
Leuviah ဆိုသူ နတ်ဘုရားမရဲ့သွေးနဲ့ရှင်သန်လာရတဲ့ Jay တို့လို စောင့်ရှောက်သူတွေသည် အရာရာအား သူတို့ရဲ့မိခင်ဖြစ်သူ Leuviah ကသာပိုင်ဆိုင်သည် ။
Leuviah ရဲ့သွေးနဲ့ရှင်သန်သူများသည် လူအဖြစ်လဲဖန်ဆင်းရနိုင်သလို..နတ်သား/သမီး အဖြစ်နဲ့ပဲလဲနေထိုင်နိုင်တယ် ။
"ဒါဆို ကျွန်တော့်ကိုစောင့်ရှောက်နေတာကျတော့ရော???"
"မင်းနဲ့ကိုယ်ရဲ့ရေစက်ကြောင့်ပေါ့ ဆောနူ..."
YOU ARE READING
ANGEL - SunJay
Fanfiction"You're My Angel" Kim Sunoo Just A fictional story ⚠️ [Uni] [Zaw]