ဂျိန်း!!
(4:15PM)
မိုးချိန်းသံ တစ်ချက်တချက်
ပစ်လွှတ်နေပုံက သိပ်ကို
ခြောက်ခြားစရာ ဖြစ်နေပါလား။လူတစ်ကိုယ်လုံးမျှ အလုံအလောက်
လုံတဲ့ ထီးအဖြူလေး တစ်လတ်ကို
မြဲမြန်စွာ ဆောင်းထားကာ ခါးသီးစွာ
ရွာသွန်းနေတဲ့ မိုးရေမိုးပေါက်တွေကြား
ပြေးနေမိသည်။ဘယ်လောက်ပဲ မိုးလုံတယ်ပြောပြော
ယခုရွာသွန်းနေသောမိုးအရှိန်ကြောင့်
တစ်ကိုယ်လုံးကို စိုရွှဲနေပြီ ။
အနက်ရောင် ဘောင်းဘီရှည်လေးမှာတော့
ဗွက်ပေါက်ရာနဲ့ မိုးရေများကြောင့်
မြင်လို့ပင် မကောင်း။တိုက်ခတ်လာသော လေအဝေ့ကြောင့်
ကိုယ်လေးကို အားတင်းကာရပ်လိုက်
ရသည်။ ဘယ် လိုအညှိုးတွေနဲ့ ရွာ
နေတဲ့ မိုးပြင်းပါလိမ့်။နေ့လည်က သူငယ်ချင်းအိမ်သွားပီး
မဲမှောင်တက်လာတဲ့မိုးသား
အရှိန်ကြောင့် ချက်ချင်းထပြန်လာခဲ့
သည်။ထီးပါလို့တော်သေးဆိုပေမဲ့
ရုတ်တရက် ရွာချလာတဲ့ မိုးကြောင့်
ယခုဆိုလျှင် မိုးခိုစရာနေရာပင်ရှာရ
တော့မဲ့ အဖြစ်။ အိမ်ကသိပ်မဝေး
တော့သော်လဲ ဆက်မသွားနိုင်တော့ပါ။သစ်ပင်ကြီးကြီး တစ်ပင်ဘေး မိုးခိုစရာ
ဇရပ်တစ်ခု တွေ့လိုက်မိတာကြောင့်
ခပ်မြန်မြန်သာ ပြေးဝင်လိုက်သည်။
နေရာလွတ်တစ်ခုမှာ ဝင်ထိုင်ရင်းထီးကို
ဘေးတွင် ချလိုက်သည်။လက်တွင်ပတ်ထားသော နာရီကို
ကြည့်လိုက်တော့ ရေဝင်နေပြီ။
ငါးနာရီမထိုးခင် ဆယ်မိနစ်အလိုမှာ
ရပ်လို့ပင်။ နေရင်းထိုင်ရင်းကွာ
နာရီအသစ်တစ်လုံး ဝယ်ရတော့မဲ့
အဖြစ်။ စိုရွဲနေသော အဝတ်တွေကို
အရင်ညှစ်လိုက်သည်။ ဒီပုံစံတိုင်းဆို
မိုးနဲနဲစဲတော့မှ ဆက်သွားလို့ရမှာ။ကိုယ့်အတွေးစနဲ့ကိုယ် အလုပ်ရှုပ်
နေရင်း ဘေးဘီကိုတောင်မကြည့်မိ။"အင်းးဟင်းးးချမ်း''
"ချမ်း...ချမ်းတယ်''
မိုးသံတွေထဲ အသံတစ်ခုကြားဖို့
ခက်ခဲနေပေမဲ့ ဒီငြီးသံကိုပြတ်သား
စွာ ကြားနေရသည်။အသံကြားရာ
နောက်ကို ချက်ချင်းလှည့်ကြည့်မိ
လိုက်တော့ အဖြူရောင်လူသား ။
YOU ARE READING
STILL WITH YOU AND I LOVE YOU
Fanfictionနောက်တစ်ကြိမ်သာ...မင်းနဲ့ထပ်ဆုံခဲ့ရင်... အမှတ်မရှိတဲ့ ငါ့ခေါင်းတွေကို နာနာ ရိုက်ကာ အပြစ်ပေးပါအုန်းမယ် မောင်... ဇာတ်လမ်းအစကို ခင်ဗျားက စီစဥ်ပေးခဲ့ပေမဲ့ ရေမြေအဆုံးထိ ရောက်အောင် ဇာတ်သိမ်း ခန်းတွေ မှာတော့ ကျနော်စီစဥ်ထားကို လက်ခံပေးမယ်မလား သိပ်ချစ်ရတဲ့မ...