LOVE

255 33 7
                                    

အိမ်တော်ကြီးရဲ့ အနောက်ဘက်
ပန်းခြံကျယ်ကြီးထဲ၌ အမျိုးသားငယ်
တစ်ဦးသည် ပန်းခင်းများကို လှည့်လည်
ကြည်ရှု့နေသည်။

အပေါ်ထပ် အဖြူရောင် လက်ရှည်
လေးကို လက်တဝက်ခေါက်တင်ထားကာ
အနက်ရောင် ဖဲသားဘောင်းဘီနဲ့တွဲဝတ်
ထားပုံက သိပ်ကိုတင့်တယ်နေသည်။
အဖြူရောင်တွေကြီး သီးသန့်ဝတ်တတ်ကာ
သိမ်မွေ့ပုံက တဂယ့်ကို ဖော်ကျူးမကုန်နိုင်။

အရပ်သည် ငါးပေကိုးလက်မဖြစ်ကာ
ပိန်ပါး ပြေပြစ်တဲ့ ခန္ဓာအရွယ်စားကြောင့်
နှစ်ခါပြန်ကြည့်ရလောက်အောင် ဆွဲဆောင်
လွန်းသည်။ သေသပ်စွာပုံသွင်းထားသော
ဆံပင်ပုံစံရယ် တမူတခြားစွာရှိနေတဲ့
မျက်ဝန်းပြာပြာရယ် ထူသယောင်ယောင်
ဖြစ်နေတဲ့ နှုတ်ခမ်းတစ်စုံရယ်က သူ့နေရာနဲ့သူ
အပြစ်ဆိုစရာမလိုအောင် ဖွဲ့စည်းတည်ဆောက်
ထားသည်။

ဤသို့ နူးညံ့ချောမွေ့သော အမျိုးသားငယ်
သည် အသက် ၂၀ကျော်နေပြီဖြစ်ကာ
ပတ်မျိုးနွယ်အိမ်တော်ကြီး၏ အမွေဆက်ခံ
ရမည့်သူလဲ ဖြစ်သည်။

"အကိုလေး..သခင်လေးကခေါ်ခိုင်း
လိုက်လို့ပါ။''

ဆယ်ကျော်သက်အရွယ် ကောင်လေး
တစ်ဦးက ကျနော့်အားရိုကျိုးစွာလာ
ခေါ်သည်။ ထိုကောင်လေးသည် စွန့်ပစ်
ခံထားရသူဖြစ်ပီး ကျနော်အိမ်ခေါ်လာကာ
စောင့်ရှောက်ပေးထားသူလဲ ဖြစ်သည်။
သိပ်ကိုလိမ်မာကာ အလိုက်သိသူလဲ
ဖြစ်သည်။

"အင်း..ခဏနေလိုက်လာခဲ့မယ်..''

...

"ခေါ်ခိုင်းလိုက်တယ်ဆို..''

ကျနော်ရှေ့မှာရှိနေသူသည်
ကျနော့်၏ ဦးလေးဖြစ်သူပတ်ဂျေဆန်းသာ။
မိဘမရှိသည့်နောက် ဒီအိမ်မှာအကြီးဆုံး
ဖြစ်သူ။

"မင်းသောက်ရေးမပါတာတွေပဲလုပ်နေ
မှာလား...မကြာခင်အမွေကိစ္စကဖြေရှင်း
ရတော့မှာ အကိုကြီးထားသွားတဲ့ပစ္စည်း
ဘယ်မှာလဲ ''

"အဲ့ပစ္စည်းဆိုတာလဲ ကျနော့်မှာမရှိဘူး
ကျနော့်ကို ဒါပဲမေးမယ်ဆိုရင်မခေါ်ပါနဲ့''

"အမယ်..မင်းကပြန်ခံပြောနေတာလား
မင်းငါ့အကြောင်းမသိဘူးလား
ပတ်ဂျီမင်း! ! "

STILL  WITH  YOU AND I LOVE YOU Where stories live. Discover now