Mg's Jimin

313 26 3
                                    

ရာသီဥတုသည် ဒီနေ့ကျမှ
ထူးထူးဆန်းဆန်း ကို သာယာနေသည်။
ဒီနေ့အပြင်သွားမယ်ဆိုကာမှ
မနေ့ညထဲက မိုးမရွာတာကြောင့်
သိပ်ကိုကံကောင်းတဲ့ နေ့ပဲ။

ရေစိုနေသော ခဲပြာရောင်ဆံပင်
တွေကို dryer နဲ့မှုတ်လိုက်သည်။
ခပ်ဝဲဝဲဖြစ်သွားကာ ​ခြောက်ပြီဆိုကာမှ
နားတွင်တပ်ထားသော စိန်နားကပ်
နေရာမှာ ပလက်တီနမ် နားကပ်အား
ပြောင်းတပ်လိုက်သည်။

ထို့နောက် အဝတ်ဗီရိုရှေ့ကိုခြေလှမ်း
စလှမ်းလိုက်ကာ အညိုနုရောင် long
coatရှည်တစ်ထည်အား ယူလိုက်သည်။
ဒီအရာနဲ့ လိုက်ဖက်စေမဲ့ ဂျင်းပန်အဖြူ
ရောင်အား ထပ်မံယူလိုက်သည်။

"သိပ်ကို စမတ်ကျသွားသလိုပဲ''

ဘယ်သူမပြောခင် ကိုယ့်ကိုယ်ကို
ထားရှိတဲ့ ကွန်ဖီးဒန့် လယ်ဗယ်ကတော့
အရှိန်ပြင်းစွာ...

ခုလို သေသပ်မိမိုက်အောင် ပြင်ဆင်နေခြင်း
ကဆိုင်သွားဖို့ မဟုတ်ပါ။ ဒီနေ့ holiday
ဖြစ်တာကြောင့် အကိုနဲ့ ချိန်းထားခြင်း
ဖြစ်သည်။ ဆိုင်ကို အချိန်မှန် လာနေသော
အကိုကြောင့် ဖုန်းနံပါတ်ပါ တခါတည်း
တောင်းလိုက်ကာ ကျနော့်ဘက်က ချိန်းဆို
လိုက်ခြင်းသာ...။

အဘယ့်ကြောင့်ဆိုတာထပ် အေးချမ်းလွန်း
တဲ့ အကိုနဲ့ တွေ့ကာ အဖြေရှာမရသော
စိတ်နုနု တစ်ခုအတွက် အဖြေရှာတဲ့သဘောပေါ့။

စိတ်ကျေနပ်စွာ ပြင်ဆင်ပြီးကာမှ
ကားဂိုတောင်ထဲ ထုတ်မစီးဖြစ်သော
အနီရောင် ပြိုင်ကားလှလှအား
ရွေးချယ်လိုက်သည်။ ကားတွေကို
Crazyဖြစ်လွန်းသူ မဟုတ်ပေမဲ့
ကားသုံးလေးရှိလောက်ရှိသည်။
ဒယ်ဒီက ကားတွေစုဆောင်းရတာ
သဘောကျတာကြောင့် တပါး အခြားမရှိပါ။

ပါလာသော လက်ကိုင်အိတ်အား
ကားထဲ ပစ်ထည့်ကာ ကားပေါ်သို့
တတ်လိုက်သည်။ မစီးဖြစ်တာကြာ
ပြီဖြစ်တာကြောင့် ကျနော်အနည်းငယ်
စိတ်လှုပ်ရှားမိနေတယ် ထင်ပါရဲ့။
အတွေးစတစ်ချို့ကို ခေတ္တထုတ်ကာ
ကားလေးကို မောင်းထွက်လာခဲ့သည်။

...

အိမ်ရှေ့ခန်းထဲ ဆူဆူညံညံအသံတစ်ချို့
သည် အများသူငှာ ကြားလျှင်ပင်
ထူးဆန်းနေမည်မှာ အမှန်ပင်။
အကြောင်းအရင်း မှာကား...

STILL  WITH  YOU AND I LOVE YOU Where stories live. Discover now