YOU

238 30 4
                                    

(8:00AM)

မိုးလင်းထဲက 16လမ်းသွယ်စျေးကို
ခဏသွားမယ်ဆိုပြီး ထွက်သွားတာ
ခုထိပြန်မလာသေးဘူး။ မိုးတွေကရွာချ
လာတော့ ထီးမပါသွားတဲ့မောင်ဟာ
သေချာပေါက် မိုးမိတော့မှာ....။

မောင် အပြန်အလာကို စောင့်နေဖို့ပဲ
ရှိတယ်။ လိုက်သွားဖို့ လမ်းတွေကိုလဲ
ကိုကသိတာမဟုတ်ဘူး။ ကျောင်း
ရယ် အိမ်တော်ရယ် မောင့်အိမ်သွားတဲ့
လမ်းရယ် ဒါပဲသိတာ..။အစတည်းက
လျှောက်သွားထားရင် ကောင်းသား။

စျေးသွားတာ ကျနော်မနိုးခင်ကမို့
တူတူလိုက်မသွားရဘူးလေ။နိုးလာတော့
မီးဖိုခန်း စားပွဲပေါ်မှာ မောင်ကိုယ်တိုင်
ဖျော်ပေးထားတဲ့ ကော်ဖီတစ်ခွက်ရယ်
စာတစ်စောင်ကို တွေ့မှသာ သိရတာ။
ဘယ်တွေသွားဝယ်နေတာပါလိမ့်
ကြာလိုက်တာ...။

ကော်ဖီတွေကို မသောက်တတ်ပါ။
ခါးတာ ကျနော့်အကြိုက်မဟုတ်ပေမဲ့
မောင်ကိုယ်တိုင် ဖျော်ပေးတဲ့ကော်ဖီ
တွေကို မငြင်းပဲသောက်နေရာမှ
ကော်ဖီ ကို ကျနော်စွဲလန်းလာပါသည်။
ခြွင်းချက် မောင်ကိုယ်တိုင် ဖျော်ပေးတဲ့
ကော်ဖီကိုပဲ စွဲလန်းတာ...

"ဟော...မိုးရေတွေကို ရွှဲနေရော..''

"အထုတ်တွေယူ လူကိုမထိနဲ့အုန်း''

မကြာပါ မိုးရေတွေထဲ အထုတ်ကြီးအထုတ်ငယ်
ဆွဲကာ ပြေးပြီး ပြန်ရောက်လာပါပြီ။
ထီးယူဖို့ကလဲ အမြဲမေ့နေတော့ ခက်သား။

ဝယ်လာတဲ့အထုတ်တွေကို မီးဖိုထဲ
သွားထားလိုက်သည်။ထို့နောက်ဘာတွေ
ဝယ်လာလဲ စပ်စုလိုက်တော့ စတော်ဘယ်ရီ
သီးတွေ တခြားသစ်သီးတွေရော ခေါက်ဆွဲ
ထုတ်တွေကလဲ တံဆိပ်အမျိုးမျိုးပါသည်။
သုံးထပ်သားတွေလဲပါသည်။မဟုတ်မှ
မောင်အလှူလုပ်မလား မသိဘူး။ဒီလောက်
အများကြီး ဘာအတွက်လဲ။

ရေချိုးကာ အဝတ်စားလဲ၍ မီးဖိုချောင်ထဲ
ဝင်လာသောမောင်က အပေါ်အောက် အပြာ
ရောင် Hoodies ဝမ်းဆက်ဖြင့်..
ဆံပင်တွေကိုလဲ ဘယ်သောအခါမှ ခြောက်
အောင်မသုတ်ဖူး။

"ခေါင်းကို ခြောက်အောင်သုတ်လေ
မိုးမိလာတယ်မလား...''

ကျနော့်စကားကို နားထောင်မထောင်တော့
မသိဘူး ပစ္စည်း တွေကိုနေရာချနေတာသိရဲ့
နက် အနောက်ကနေ ခွေးပေါက်လေးလို
တိုးကာ လာဖက်နေသည်။ တစ်ကိုယ်လုံးကို
အေးစက်နေတာပဲ မောင်ရယ်..။

STILL  WITH  YOU AND I LOVE YOU Where stories live. Discover now