🌩🌩

390 24 12
                                    

လှပသော သီကုံးထားတဲ့ အချစ်
ဝတ္ထု ရှည်ရှည်တွေလိုသာ လက်တွေ့
ဘဝမှာ ပိုင်ဆိုင်ခွင့် ရခဲ့ပါလျှင်.......

အချစ်က သိပ်ကို ဆန်းကြယ်လွန်းတယ်...
ခင်ဗျားနဲ့ တွေ့ခဲ့ပြီတည်းနောက်ပေါ့....

...

*ခွမ်း!

ဖန်ခွက်ကွဲသံ တစ်ခုသည် kitchen
roomထဲကနေ ထွက်ပေါ်လာသည်။
တစ်စုံတယောက်ကြောင့်လား မတော်
တဆကြောင့်လား မသိတာရယ်ကြောင့်
ကျနော် အသံကြားရာနေရာသို့ စိုးရိမ်
တစ်ကြီးနဲ့ ပြေးဝင်သွားလိုက်သည်။

"ဟမ်...ခင်​ဗျား ငြိမ်ငြိမ်နေ မလှုပ်နဲ့
ကျနော်လုပ်ပေးမယ် ဘယ်လိုဖြစ်ရတာလဲ''

"အမ်..ဟို...ငါ မောင်သောက်ဖို့
နွားနို့ လုပ်ပေးမလို့ အဲ့တာ...''

ဝတ်ထားသော ဘောင်းဘီကဒူးအောက်
စွန်းစွန်းနှင့် ဖြူသွယ်နေသော ခြေထောက်က
မျက်စိကို လာစူးစေသည်။ခင်​ဗျားကအန္တရာယ်
များလိုက်တာ​ဗျာ....။

"ခင်ဗျားရယ် ကျနော်မခိုင်းပဲ မလုပ်ပါနဲ့
မခိုင်းရက်လို့ ကျနော်ကြီးပဲလုပ်ပေးနေတာကို
ဟိုဘက်နည်းနည်းတိုး...ခြေထောက်ထိကုန်မယ်
ကျစ်...အဲ့လိုတွေဖြစ်မှာဆိုးလို့ ​''

"ငါက...စေတနာနဲ့ကို ''

"သိတယ် ကျနော်သိတယ် လိမ်မာတယ်
ဒါမဲ့ နောက်မလုပ်ပါနဲ့ဗျာ တခုခုဆိုရင်ကျိုး
ရမှာက ကျနော်ပါ...''

နှုတ်ခမ်းလေး မဆိုစလောက်လေး ဆူကာ
ကုတ်ကုတ်လေး နေနေလေရဲ့...ချစ်ဖို့
ကောင်းလိုက်ပုံက....
ဖန်ကွဲစများကို ရှင်းပြီးနောက် ဖိတ်ကျသွား
သောနွားနို့များကို အဝတ်နဲ့ပြောင်စင်အောင်
သုတ်လိုက်သည်။ ထိုလူကိုတော့အဲ့နေရာက
မလုပ်ခိုင်းသေးဘူး။ ဘေးတွေရှိသော ဘေစင်
တွေ လက်ဖဝါးနုနုကို ယူကာဆေးပေးလိုက်
သည်။

"ငါ့ကို ဘယ်တော့မှ မပစ်သွားဘူး
မလား မောင်...''

လက်ဆေးပေးနေရာမှ ဆိုလိုက်ပုံက
ထပ်ဆူမှာဆိုးလို့ ဒေါသထွက်ဖြစ်လာမှာဆိုးလို့
နှုတ်ပိတ်လိုက်သလို အကျပ်ကိုင်မှုက
Another level တစ်ခုမှာ...

"ကျနော့်အိမ်ကို ရောက်လာပြီ
ကျနော့်ကို ဖြည်မရအောင်ချည်ထားပြီးမှ
ခင်ဗျားကို ပစ်သွားစရာလား...''

STILL  WITH  YOU AND I LOVE YOU Where stories live. Discover now