Section◖3◗

792 57 6
                                    

Unicode

ကုတင်ရဲ့ထောင့်ချိုးတွင်ရှိသော မီးပလက်ခုံကြိုးမှာ ကြမ်းပြင်၌ ရှုပ်ထွေးရောယှက်ကာရှိနေသည်။ မရွှင်မလန်းမျက်နှာထားဖြင့် ဒီ‌ေနွဦးမှာလည်း အိပ်ယာမှ ကျုံးရုံးထလာတော့သည်။ အသွားမတော်တစ်လှမ်း ဆိုတဲ့အတိုင်းပဲ ခလုတ်တိုက်မိလေသော်

“ အားး! ဖေ*ိုးမလူနာ ”

ယောင်ချက်က ကန်းကုန်ပါဘိ။ ‌လျှောက်လှမ်းမှုတွေတွန့်ဆု‌တ်နေပေသည့်တိုင်အောင် ငြိမ်ကျသွားသည်။ ပြီးတော့ သိပ်မကြာချေ။

“ အဟင့်! ဒေါက်တာလေး ”

ဒီနွေဦးရဲ့အသံကြားသည်ဖြင့် အခန်းထဲသို့ ဒေါက်တာလေးလေးမှာ‌လည်း အပြေး၀င်လာရလေသည်။

“ ဘာဖြစ်တာလဲ ဗျာ! ”

“ အဟင့်! အဲ့ကြိုးကြီးကြောင့် ကျွန်တော် နာသွားပြီ ”

“ အုံဖွ! ကောင်းသွားလိမ့်မယ် ”

‌ေြခထောက်လေးကို မထူမပါး နှုတ်ခမ်းဖျားဖြင့် လေပြေလေးများ ထုတ်၍ မှုတ်ပေးနေမှာ ရောဂါအလုံးစုံ ကင်းရှင်းသွားရသလိုပါပဲ။ ဘ၀ တစ်လျှောက်လုံးမှာ တွေ့ဖူးသော လူသားမျိုးစုံထဲတွင် ဒေါက်‌တာလေးသာ အကြင်နာဆုံးဖြစ်သည် ဟု ယူဆမိပြန်သည်။

“ အဟင့်! ”

“ ခင်‌ဗျားနဲ့တော့ ခက်ပြီ ဒါလေးဖြစ်တာမငိုပါနဲ့ကွာ ”

“ ဒေါက်ဝာ‌ာလေးက ငိုတာမကြိုက်ဘူးလား ”

“ အဲ့လိုတော့လည်းမဟုတ်ပါဘူး ခင်ဗျားဟာ ငိုငိုရီရီ အရမ်းကိုချောမောလွန်းတယ် ”

“ အဟိ! ”

“ ဟောဗျာ! ရီပြန်တော့လည်း ခင်ဗျားက ချက်ချင်း ”

အဲ့လိုပြောတော့ သူမှာ လျှာလေးထုတ်ပြသေးတယ်။ ဘယ်လိုခံစားချက်လေးမှန်းမသိပေမယ့် ခင်ဗျားက စာတွေကဗျာတွေ ဖွဲ့လို့မမှီတဲ့ထိ လှရက်လွန်းတယ်။

“ ပေါတောတောနဲ့ ကျပ်မပြည့်သော ဖက်စိမ်းထုတ်လေးကို အသည်းထဲမှာ တော်တော်စွဲနေပြီ ဗျာ!”

“ ကျပ်ကဘာလို့မပြည့်တာလဲ ”

“ ရူးနေလို့လေ ”

မောင့်ဖက်စိမ်းထုတ်လေး//complete //Where stories live. Discover now