Section◖6◗

687 50 3
                                    

Unicode

အဲ့နေ့ညက တစ်ညလုံး ဘယ်လိုမှ အိပ်မပျော်ခဲ့ဘူး။ တစ်ညလုံးအ‌ဖြေရှာမရ၍ ငိုကြွေးနေခဲ့တာ။ လူလည်း  ဖြူဖော်ဖြူရော်လေးကို ဖြစ်လို့နေပြီ။ ကိုစစ်ရှေ့ကို အခုချိန် ရုပ်လုံးထွက်ပြပြီး လိုက်သွားရင်လည်း ဘာတွေဖြစ်လာအုန်းမလဲမသိချေ။ ညိုရီနက်မှောင်သောာမျက်၀န်း ဝိုင်းဝိုင်းဟာ မျက်ရည်များတောင် လျှံကျတော့ပေမည်။ ဖြစ်သမျှအကြောင်းအကောင်းဟုယူဆပြီး သာ အခန်းပြင်သို့ ထွက်လိုက်တော့သည်။

“ ခင်ဗျား လာပြီလား ကျွန်တော် စောင့်နေတာ ”

နွေဦးတစ်ယောက် ဘာတစ်ခွန်းမှ မဆိုပဲ နှုတ်ဆိတ်ပြီးသာ နေခဲ့သည်။ သေချာအကဲခတ်ကာ စူးစိုက်ကြည့်လာသော ကိုစစ် မျက်၀န်းတွေက အကြင်နာအရိပ်ကဲလေးများ တစ်ရွေ့ရွေ့

“ ခင်ဗျား ညက မအိပ်ထားဘူးလား မျက်ကွင်းတွေလားညိုနေတာပဲ ”

“ မောင် ”

“ ခင်ဗျာ ”

“ နွေ ဆရာ၀န်ဆီမသွားချင်ဘူး အရင်ကအကြောင်းတွေလည်း ပြန်မသိချင်ဘူး ”

“ ဘာဖြစ်လို့လဲ ”

“ ဟိုဟာလေ... ဟို... နွေ... ”

စကားလေးထစ်ငေါ့ငေါ့နိုင်နေချိန် ကိုစစ်ရဲ့ အဖေမှ လှမ်းခေါ်လိုက်တာကြောင့် စကားပျက်သွားပြီး ဘာမှမပြောလိုက်ခင်အချိန်တွင်း ကားပေါ်သို့ရောက်သွားခဲ့သည်။ စိတ်တွေလည်း တကယ်ကိုမှ ရှုပ်ထွေးရချေပြီ။ ဒီနွေဦးက တကယ်အတိတ်မေ့နေတဲ့ လူတစ်ဦးမှ မဟုတ်ခဲ့တာ။

••••

“ ‌ကိုစစ်တို့ရောက်လာပြီပဲ ထိုင်ကြအုန်းကွယ် ”

“ ဟုတ်ကဲ့ ဆရာ ”

ဘေးပတ်ပတ်လည် အဖြူရောင်ဆေးနံရံများကြားတွင် ခုံနှစ်ခုံ၊ လူနာကုတင်တစ်ခု၊ အေးစက်စက် မျက်၀န်းများနှင့် အသက် 40ကျော်လောက်ခန့်ရှိမည့်ဆရာ၀န်တစ်ဦးရှိ‌ေနသည်။ တိတ်ဆိတ်သော နေရာတွေကို ဒီ‌ေနွဦး သိပ်ကြောက်သည်။

ထိုစဉ် စစ်ရန်ငြိမ်းနောက်မှ ပုန်းကွယ်နေသော ဒီနွေဦးကို ထိုင်ခုံမှာ ထိုင်ဖို့ အမိန့်ပေးလိုက်သံကြောင့် ဘာမှမတွေဝေပဲ အမြန်ထိုင်ကျလိုက်သည်။ ရုတ်တရတ် နွေက ကိုစစ်နား ကပ်၍ တီးတိုးပြောလေသည်။

မောင့်ဖက်စိမ်းထုတ်လေး//complete //Where stories live. Discover now