•Uni•
အင်းစိန်နှင့် အနီးတစ်ဝိုက်နေရာတွေ အကုန်လုံးမှာ လိုက်ရှာနေတာ မနေ့ညထဲကပင်ဖြစ်သည်။ စစ်ရန်ငြိမ်းရဲ့ အချစ်ရှာတော်ပုံကြီးက အခုထိမတွေ့သေးပေ။ မိုးတွေ သည်းထန်စွာရွာနေလိုက်တာ စစ်ရဲ့ကားလေးမှာ စစ်မျက်ရည်တွေနှင့်တကွ မိုးရေတွေပါရွဲလို့ရယ်...
မီးပွိုင့်မိနေစဉ် ဖြတ်ပြေးသွားသော ကောင်လေးကိုမြင်လိုက်ရတဲ့ အခိုက်တန့်လေးက စစ်ရန်ငြိမ်းကိုအသက်ရှုတောင်မှားသွားစေသည်။
" နွေ... "
မီးနီနေသော မီးပွိုင့်ကိုပဲ အပြစ်တင်ရမလား ကားပေါ်က မဆင်းသေးတဲ့သူကိုယ် သူပဲအပြစ်တင်ရမလား ခဏအကြာမှာ စိမ်းသွားသော မီးပွိုင့်ကြောင့် စစ်ရန်အလျင်အမြန်ပင် လမ်းဘေးကားရက်ချလိုက်သည်။အင်းလျားကန်ဘောင်မှာ ခြေဗလာဖြင့် လျှောက်လှမ်းနေတဲ့ မြတ်နိုးရာအသည်းလေး ကို စစ်ရန်အပြေးဖက်လိုက်မိသည်။
" နွေရယ် မောင်စိတ်ပူလိုက်တာ ချစ်လွန်းလို့ရူးတော့မှာပဲ "
" ဟင်! "
လန့်သွားတာအမှန်တကယ်ပင် ထွက်ပြေးလိုက်ချင်သည် အော်ပြောလိုက်ချင်သည် သူဘာတွေပြောနေတာလဲဟု မသိနားမလည် အူမလည်လည်လေးလုပ်နေမိသည်။
" မောင် ပြောတာလေးတွေနားထောင်ပေးပါ နွေ "
နွေငြိမ်သက်ကာနားထောင်ပေးနေသည်။
" မောင်နဲ့ နွေနဲ့ အတူတူရှိတဲ့ရက်တွေက လက်ချိုးရေလို့ရတဲ့ အနေထားတစ်ခုပါ ဘာမဟုတ်တဲ့ အချိန်ခဏလေးမှာ မောင့်ကို နွေက ပြုစားသွားတယ် နွေအပေါ် မေတ္တာတွေပြိုချင်လာတယ် ရှည်ရှည် ဝေးဝေးမပြောတော့ပါဖူး မောင်နွေ့ကိုချစ်တယ် မောင့်ကိုလက်ထပ်ပါ "
" ဟင်!"
နွေမျက်ရည်တွေက နွေ့မျက်ဝန်းမို့မို့လေးမှာ နေရာယူထားသည်။ မျက်တောင်ကော့ကော့စဉ်းစဉ်းလေးဟာ မျက်ရည်စက်အနည်းငယ်စိုနေသည်။ ထိုလူသားလေးကို စစ်ရန်က တစ်စိမ့်စိမ့်လေးကြည့်ရင်း
"လျှာမရှည်နဲ့ပြန်မပြောနဲ့ ခင်ဗျားကဘာလို့ အဲ့လောက်ထိ ဝမ်းနည်းလွယ်နေရတာလဲ ခင်ဗျား အဲ့လိုလုပ်နေရင် ခင်ဗျားကို အနိုင်ကျင့်မယ့်သူတွေကြီးပဲ နွေ"
YOU ARE READING
မောင့်ဖက်စိမ်းထုတ်လေး//complete //
FantasySitt Yan Nyein + Di Nwae Oo💙✨ Date- 21.3.2022
