"ဒါနဲ့ ဒေါက်တာ ဘာကိစ္စများ ရှိလို့ပါလည်း "
"သြော် ဘာရယ်တော့ မဟုတ်ပါဘူး ဗျာ ...ဒီတိုင်း အပြင်ထွက်လာရင်းနဲ့ ဒီက ညီ ကို တွေ့ လိုက်လို့ လာနှုတ်ဆက်တာပါ "
"ဟုတ်ကဲ့ ..ပြန်လိုက်ပါအုန်းမယ်ဗျ"
စက်ခမောင် ရာစု အား နှုတ်ဆက်ပြီး သည်မို့ သုံးယောက်သား ထို ဆေးရုံကြီး မှ ပြန်လာ ခဲ့ လိုက်ကြလေသည်။ ရာစု မှာ တော့ အတွေး များ စွာ ဖြင့် သာ ကျန် ရစ် ခဲ့လေတော့ သည်။
"ငါဘဲ အတွေး လွန်နေတာလည်း ...ဟင့်အင်း မဖြစ်နိုင်ဘူး ငါမှားနေတာ မဖြစ်လောက်ဘူး "
"ငါ ဒီကောင်လေး အကြောင်း ဘယ်က ဘယ် လို စုံ စမ်း ရမလည်း "
"ကျစ် အရေးနဲ့ အကြောင်း နဲ့ ဆို ဖုန်းနံပတ် မေးမလို့ ကို မေ့ သွားရတယ်လို့"
ရာစု စိတ်ပျက် စွာ ဖြင့် သာ ဆေးရုံ ထဲ သို့ ဝင်လာ ခဲ့ လိုက်လေသည်။ ရာစု ဆေးရုံ ထဲ သို့ ဝင်းသွားသည်ဆို သည်နှင့် သူနာ ပြု ဆရာ မလေး များ ၏ တီးတိုး စကား သံကြောင့် ရာစု မျက်နှာလေး ပြုံး ရွှင် သွား ခဲ့ ရလေသည်။
"ဟဲ့ အဲ့ဒါ ဦး သမိုင်းရဲ့ သားနဲ့ သမီး မဟုတ်လား "
"အေးဟ ...ငါလည်း တူ သလား လို့ ကြည့် နေတာ "
"သူတို့ ပုံလေးတွေ က မထင် ရဘူးနော် ...ပုံစံ လေးတွေ က ရိုးရိုးအေးအေးလေးတွေ ..ဒါနဲ့ စကား မစပ် ကောင်လေး က အချောလေး နော် "
အစသဖြင့် သူနာ ပြု ဆရာမလေးတွေ ၏ တီးတိုးစကား သံကြောင့် ရာစု ထို ဆရာမ လေး များ ထံ သို့ လာခဲ့ လိုက်လေသည်။
"အဟမ်း"
ရာစု ထို ဆရာမလေး များ နောက်မှ ချောင်း ဟန့် လိုက်သည့် အတွက်ကြောင့် သူနာပြု ဆရာမလေး နှစ်ယောက် မှာ ချက် ချင်း ဆို သလို လန့် သွား ကြရလေသည်။
"ဆရာ "
"အင်း ..ဂျူတီ အချိန်ကို ဘာ လုပ်နေ ကြတာလည်း "
"ဟို လေ သမီးတို့က ..."
သူနာပြု ဆရာ မလေး နှစ်ယောက်မှာ ရာစု အား ကြောက် လန့် ကာ ဖြင့် အသံ လေးများ ပင် တုံ ရင်လို့ နေကြလေသည်။
YOU ARE READING
ကိုကြီးရဲ့ ရင်ခုန်သံလေး(Completed)
Short Storyကျွန်တော့် အချစ်က ကိုကြီး အတွက်ဆို အဆုံး အစ မရှိ ပါ ။