Uni_Part.12

1.2K 51 0
                                    

ကောင်လေး ကြိတ်ကာ ငိုနေသည့်အတွက်ကြောင့် ရှိုက်သံလေး အနည်း ငယ်ထွက်လာခဲ့လေသည်။

"အသွေး ငို နေတာလား "

"ဘာဖြစ်တာလည်း ..ကိုကြီးပြောလိုက်တဲ့ စကားကြောင့် စိတ်ဆိုးသွားတာလားဟင် "

ရာစု အမေးကြောင့် ကောင်လေး ပါးပြင်ထပ်မှ မျက်ရည်ကလေး များ အားလျှင်မြန်စွာ သုပ်လိုက်လေသည်။

"မဟုတ်ပါဘူး ကိုကြီး ရဲ့ သား နာဆေးနေလို့ ပါ နော် ..သားက ဘာကြောင့် ငိုရမှာလည်း ကိုကြီးကလည်း "

"အင်းပါ ..ကိုကြီးက ငိုနေတယ် ထင်လို့ မေးလိုက်တာပါနော် "

"ဟုတ် ..သားမင်ိုဘူးနော် ကိုကြီး  ..အာ ..ဟပါအုန်း ပန်းသီးလေးစားအုန်း"

ရာစု ခေါင်းငြိမ့် ပြသည်မို့ ကောင်လေး ရာစု အား ပန်းသီးလေး ခွန့် ကျွေးလိုက်လေသည်။ ပြီး နောက် ကောင်လေးရာစု အား  တပတ်တစ်ခုနှင့် ရာစု ၏ ခန္ဓာကိုယ်လေး အား ရေသပတ်သုပ်ပေးလိုက်လေသည်။

"ကိုကြီး ..အဝတ် လှဲရအောင်နော် ..သား ကိုကြီး ခု ဝတ်ထားတာလေးတွေ သွားလျှော် ပေးမယ် "

"အင်း "

ကောင်လေး ရာစု ၏ အဝတ် အစား များအား သေချာစွာ လှဲပေးပြီးနောက် ရာစု ၏ အချို့သော အဝတ်များ အား လျှော်ရန် ထွက်လာခဲ့လိုက်လေသည်။ အဝတ်လျှော်စက်ရှိသော်လည်း မပြောင် မှာစိုးသည့် အတွက်ကြောင့် ကောင်လေး ကိုယ်တိုင်ပင် လက်နှင့် သေချာစွာ လျော်ဖွတ်ပေးခဲ့လေသည်။ အဝတ် အစား များ အား လျော် ပေးပြီးသည်မို့ အဝတ်ဇလုံလေး အထဲ အား လျှော်ပြီးသော အဝတ်များအား ထည့် ကာ အဝတ်လှန်းရန် ဆေးရုံ ထဲ ရှိ ခေါင်မိုးထပ်ပေါ်သို့ ကောင်လေး တက်လာခဲ့လိုက်လေသည်။
ခေါင်မိုစထပ်ပေါ်သို့ ရောက်သည်နှင့် အသင့် လျော်ပြီးသော အဝတ် အစား များ အား သေချာ ကြကြနန လှန်း လိုက်လေသည်။ အဝတ်လှန်းပြီး သော်လည်း ကောင်လေး အောက်ထပ်သို့ မဆင်းသေးပါပဲ ဆေးရုံ၏ ခေါင်မိုးထပ်ပေါ်မှ မြို့၏ အလှ အား တငေးတမော ကြည့် နေမိခဲ့လေသည်။

"ဒီမှာ ..မင်းက ကောင်လေး မဟုတ်လား "

ကောင်လေး ခေါင်မ်ုးထပ် ရှိ အစွန်၌ ထိုင်နေရင်း မှ နောက်မှ ကြားလိုက်ရသည့် အသံကြောင့် ကောင်လေး လှည့် ကြည့် လိုက်လေသည်။ ကောင်လေး မြင်လိုက်ရသော မြက်ကွင်း လေး ကြောင့် ဒေါသစိတ်တို့ တစ်ဟုန်ထိုးထွက်လာခဲ့ ရကာ ကောင်လေးအားခေါ်သော လူသား ၏ မျက်နှာ အား လက်သီး ဖြင့် ထိုးလိုက်လေသည်။

ကိုကြီးရဲ့ ရင်ခုန်သံလေး(Completed)Hikayelerin yaşadığı yer. Şimdi keşfedin