"မင်းဘာတွေ ဖြစ်နေတာလည်း ကောင်လေး ...ဘာကြောင့် လည်း ..ဘာကြောင့် ခု လို တွေ မိုက်ရူး ရဲ ဆန်နေရတာလည်း "
"ငါတကယ် စဉ်းစားမရဘူး "
ရာစု သတိမေ့နေလေသော ကောင်လေး ၏ ကုတင်နဘေး ၌ ထိုင်ကာ ကောင်လေး အား ကြည့် ကာ ဖြင့် တစ်ယောက်ထဲ စကား များ ပြော နေမိခဲ့လေသည်။
"မင်း အခု လိုတွေ လုပ်တော့ ကော ဘာတွေ များ အကျိုး ရှိ မှာ မို့ လို့ လည်း "
"ကျုပ်ခု လို လုပ်မှ ခများ ကျုပ်အနား ရှိ မှာ ပေါ့"
"ဟင် မင်း သတိရနေ ပြီလား ကောင်လေး "
"ဟုတ်တယ် ..ကျုပ်သတိရနေပြီ ..ဒါပေမယ့် ကျုပ်နှလုံးသား က သေ နေသလို ခံ စား ရတယ် "
ရာစု ကောင်လေး ၏ စကား ကြောင့် စိုးရိမ်သွား ရကာ..
"ဟင် ကောင်လေး ..ဘယ်နား နာနေသေးလို့ လည်း ..ကို ဆရာဝန် သွား ခေါ် ပေး မယ် ခဏ စောင့် နော် "
ရာစု ကောင်လေး အား စိုး ရိမ်စွာ ဖြင့် ဒေါက်တာ အား အပြေးလေး သွား ခေါ်လိုက်လေသည်။
"ခများဗျာ . ဘာ ကြောင့် လည်း ..ဘာ ကြောင့် ကျုပ်အပေါ် ခု လို တွေ ကောင်း နေရတာလည်း ..ကြာရင် ကျုပ်ရူး တော့ မယ် ဦးဇိုင်း ရာ "
မကြာမှီ ရာစု နှင့် အတူ သူနာပြု ဆရာ မလေး နှင့် ဒေါက်တာ တစ်ယောက် ကောင်လေး အခန်း သို့ ရောက်လာ ကာ ကောင်လေး အား စစ်ဆေး ပေး ခဲ့ လေသည်။
"အရမ်း စိတ်မပူ ပါနဲ့ ရာစု ရာ .လူနာက ဘာ မှ မဖြစ်တော့ပါ ဘူး . စိုး ရိမ် စရာ မရှိတော့ပါဘူး ..ဆေးရုံ က ဆင်း မယ် ဆို လည်း ဆင်း လို့ ရနေပါပြီ "
"ဟူး တော်ပါသေးရဲ့ ..ကျေးဇူးပါကွာ "
"ရပါတယ် ..ငါ မင်းကို မှာ ချင်တာ က လူ နာကို တစ်ယောက်ထဲ လွတ်မထားနဲ့ ..လူနာ အတွက်မကောင်း ဘူး "
"အေးပါကွာ . မင်းကို လည်း ကျေးဇူး အများ ကြီး တင်ပါတယ် "
ရာစုနှုင့် ကောင်လေး တက်နေသည့် ဆေးရုံ ရှိ ဒေါက်တာ မင်းအောင်ထိုက်မှာ ရာစု ၏ အချစ်ဆုံးသူငယ်ချင်း လည်း ဖြစ်သည်မို့ ရာစု အား အစစ အရာရာ ကူညီပေးခဲ့ လေသည်မို့ ဒေါက်တာ မင်းအောင်ထိုက်၏ ကျေးဇူး ဖြင့် ရာစု တို့ ဆေးရုံ မှ ဆင်း ခန့် ရလေသည်။
CZYTASZ
ကိုကြီးရဲ့ ရင်ခုန်သံလေး(Completed)
Krótkie Opowiadaniaကျွန်တော့် အချစ်က ကိုကြီး အတွက်ဆို အဆုံး အစ မရှိ ပါ ။