Uni_Part.6

1.3K 58 0
                                    

ခေတ် အိမ်မက်ဆိုးများ ကြောင့် အိပ်မရတော့သည်မို့ မမ မြူနှင်းပေးသော ရေအား သောက် ပြီး ကာ ကုတင် လေး၌ ကျောမှီကာ ထိုင် လို့နေခဲ့ လိုက်လေသည်။

"မမ ဘယ် ချိန်ထဲ က ရောက်နေတာလည်း "

"မကြာသေးပါဘူး  ခုဏ က ပဲ ရောက်တာ "

"မမလည်း သားကြောင့်နဲ့ အိပ်ပျက် ညတွေ များနေပြီး သွား အိပ်တော့လေ မမ ...သား တစ်ယောက်ထဲ နေရဲ ပါတယ် "

"ဖြစ်ပါ့ မလား သကြားလုံးလေး "

"ဖြစ်ပါတယ် မမ"

မြူနှင်းလည်း ခေတ်က အဆင်ပြေသည်ဆို၍ သာ ခေတ်၏ အိပ်ခန်း ထဲ မှ ထွက်လာ ခဲ့လိုက်လေသည်။

"ငါ အရင်က ဘာတွေ ဖြစ်ခဲ့တာလည်း . .ဘာကြောင့်လည်း ...ဒီကလေးလေးနှစ်ယောက်ကိုပဲ အမြဲ မြင်မက်နေရတာလည်း ."

"ဘယ်သူတွေလည်း ..ငါနဲ့ ဘယ်လို ပက်သက်မှု ရှိနေတာလည်း "

"ကျစ် ...စိတ်ရှုပ်လာပြီကွာ "

ခေတ် ပုံဖော်မရသည့် မှုန်ဝါးဝါး မှတ်ဉာဏ် သို့အား မည်သို့ပင် ကြိုးစားကြိုးစား ဘာမှ ရေရေရာရာ သတိမရသည်မို့ ခေတ် အိပ်ယာလေး ထပ် စိတ်ပျက်စွာ လှဲ လျောင်းနေမိခဲ့လိုက်လေသည်။

"နေအုန်း ...ငါ အမြဲ မြင်နေရတဲ့ ရပ်ကွက်လေး ဟုတ်တယ် ငါ အဲ့ ရပ်ကွက်ကို သွားကြည့်ရမယ် ....ဟုတ်ပြီ ငါ သွား ရမယ် ..ငါဘာကြောင့်အဲ့အိမ်မက်ကို မက်နေလည်း ဆိုတာ ငါ သိကို သိရမယ် "

ခေတ် ခိုင်မာသည့် ဆုံး ဖြတ် ချက်တစ်ခုအား ချပြီး ကာ အိပ်ဆေး အချို့အား သောက်ကာ အိပ်ပျော်အောင် အိပ်လိုက်လေသည်။ ဒါဟာလည်း ခေတ်အတွက် ပုံ မှန်ပင်ဖြစ်လို့နေခဲ့လေသည်။ အိပ်မပျော်သည့်ညများဆိုလျင် ခေတ် ထို အိပ်ဆေးများကို သောက်မှ သာ လျှင် ခေတ် အိပ်ပျော်လေသည်။

********************************************

"Morning မမ"

"Morning သကြားလုံးလေး "

"ဒယ်ဒီကော မမ "

"ဒယ်ဒီက မနက်အစောကြီးကထဲက မနက်စာ စားပြီးလို့ ရုံးသွားပြီလေ သကြားလုံးလေးရဲ့ "

"မမကော မနက်စာ စား ပြီး ပြီလား "

ခေတ် ယနေ့ ဆေး အရိုန်ကြောင့် အိပ်ယာထနောက်ကျသည်မို့ ဒယ်ဒီနှင့်မနက်စာ ထမင်းဝိုင်းလေးအား မဆုံ နိုင်ခဲ့ ခြင်းပင်။

ကိုကြီးရဲ့ ရင်ခုန်သံလေး(Completed)Where stories live. Discover now