Prologue (နိဒါန်း)

3.6K 205 90
                                    

{အပေါ်မှာပေးထားတဲ့ ဗီဒီယိုလေးကို နားထောင်ရင်းဖတ်ဖို့ အကြံပေးပါသည်}

အသိပေးခြင်း

တချို့စာဖတ်သူများအတွက် အနှောင့်အယှက်ဖြစ်စေနိုင်မည့်ကြမ်းတမ်းမှုများ ၊ သွေးထွက်သံယိုများ ပါဝင်နိုင်ကြောင်း ကြိုတင်သတိပေးပါသည်။

"မသတ်ပါနဲ့...အသက်ချမ်းသာပေးပါ... မင်းလိုချင်တာအကုန်ပေးပါမယ်...ကျေးဇူးပြုပြီး..."

အမျိုးသားတစ်ဦး တုန်ရီနေသောအသံဖြင့် အခန်းတစ်ခန်း၏ ကြမ်းပြင်ပေါ်တွင် အခန်းထောင့်သို့တွားသွားရင်း အကူအညီတောင်းလိုက်သည်။

ညအမှောင်ကြောင့် တိတ်ဆိတ်နေသည့်အပြင် ဤအခန်း၏ ပတ်ဝန်းကျင်တွင် လူသူကင်းမဲ့သောကြောင့် သူ၏ အော်ဟစ်အကူအညီတောင်းသံမှာ ပဲ့တင်ထပ်နေသလိုပင် မည်သူမျှကြားမည်မထင်။

သွေးအလိမ်းလိမ်းထွက်နေပြီး ဒဏ်ရာဗလပွ ပြည့်နေ‌ေသာ ထိုလူ၏ မျက်နှာကို ကြက်သွေးရောင်ကုတ်အင်္ကျီအရှည်ဝတ်ထားတဲ့ အရပ်ရှည်ရှည်လူတစ်ယောက်က လက်ဖြင့် ဆွဲကိုင်လိုက်သည်။

"မင်း ပါးစပ်ပိတ်ထားစမ်း"
အဲလူက မာထန်ထန်လေသံဖြင့် အော်လိုက်သည်။

ခြေလက်တွင် ကြိုးတစ်ခုခုဖြင့် ချည်နှောင်ခံထားရပြီး မလှုပ်နိုင် မပြေးနိုင်ဖြစ်နေ‌ေသာ ထိုအမျိုးသားမှာ သူမြင်လိုက်ရသည့်အရာကြောင့် လုံးဝ အသက်ရှူရပ်မလိုဖြစ်သွားသည်။

ကြက်သွေးရောင်ကုတ်အင်္ကျီအရှည်နှင့်လူက သူ၏အိတ်ကပ်ထဲက (ထမင်းစား)တူတစ်ချောင်း ထုတ်လိုက်သည်။

အိတ်ထဲက ထုတ်ပြီးတာနှင့် အဲတူကို စိုက်ကြည့်နေရင်း လက်‌ေချာင်းများဖြင့် ဘောပင်လှည့်သလို ၇ ပတ်လှည့်ကာ သီချင်းညည်းနေခဲ့သည်။

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

အိတ်ထဲက ထုတ်ပြီးတာနှင့် အဲတူကို စိုက်ကြည့်နေရင်း လက်‌ေချာင်းများဖြင့် ဘောပင်လှည့်သလို ၇ ပတ်လှည့်ကာ သီချင်းညည်းနေခဲ့သည်။

𝐒𝐨𝐮𝐥𝐥𝐞𝐬𝐬 𝐡𝐞𝐚𝐫𝐭~Where stories live. Discover now