"အပိုင်း ၆"
အမှောင်ထုထဲတွင် အလင်းရောင်တစ်စမျှမမြင်ရပေ။
ခြေထောက်အောက်တွင် အရိပ်နှစ်ထပ်မြင်နေရသော်လည်း နောက်ကိုလှည့်ကြည့်သောအခါ ဘယ်သူမှမရှိသလို တစ်ယောက်ယောက်အနောက်မှာ ရပ်နေသည်ဟုလည်း တစ်စက်ကလေးမျှ မခံစားရ။
ကြားနေရသော အသံမှာမူ ဖုန်းထဲကဟု ထင်ရသလိုလို
အဝေးကလာနေသလိုလို
ကိုယ့်နားထဲမှာတင် ပဲ့တင်ထပ်နေသလိုပင် ဝေခွဲမရ။
?? : ဟား ဟား ဟား ငါ့ကိုတောင် မမှတ်မိတော့ဘူးလား သက်ရောက်မှုက တယ်စွမ်းပါလား
သင် : .....
?? : သတိထား အာရုံစိုက်ထား ဘယ်ကိုမှ မပြန့်လွင့်စေနဲ့ ဘယ်သူနှောင့်ယှက်တာမှ မခံရစေနဲ့ မင်းကို ငါတစ်ယောက်တည်း ပိုင်တာ
မင်းကို ငါ့ဆီက လာလုတဲ့သူမှန်သမျှ သေရမယ်
ထိုသို့ နက်ရှိုင်းသော ခြိမ်းခြောက်သံလိုမျိုး အသံကို ကြားလိုက်ရပြီးနောက် သင်မြင်တွေ့လိုက်ရသည်မှာ...
အမေ...?
"မေမေ မေမေ..." ငိုရှိုက်သံဖြင့် အားကိုးတကြီး အမေ့ကို ခေါ်လိုက်သည်။
သင်၏အမေ : သမီးလေး...
သင် : မေမေ ပြန်လာတယ်နော်...*ငိုသံဖြင့်*
အမေ : သမီးလေး အမေပြောတာ သေချာနားထောင်
သင် : ...ဟု..တ်
အမေ : ဘယ်သူ့ရဲ့ လွှမ်းမိုးမှုမှ...
သင် : အားးးးးးးးးးးးးးး
တဒင်္ဂအတွင်း မှောင်မိုက်နေသော နေရာကနေ ရုတ်တရက်ကြီး မျက်စိထဲသို့ စူးရှသော အလင်းတန်းများ ဝင်လာ၍ သင် အော်လိုက်မိသည်။
"မေမေ မေမေ..."
စိတ်ထဲတွင်ရော အပြင်မှာပါ မေမေ ဟုသာ ရွတ်မိနေသည်။
အာရုံရလာသော်လည်း မျက်စိမဖွင့်ရဲသေးသောကြောင့် အသံ အထိအတွေ့ ကိုသာ အာရုံစိုက်နေရသည်။
ငါ့ ခန္ဓာကိုယ်ကြီး ရွေ့နေတယ်...
ငါလည်း လမ်းလျှောက်နေတယ်လို့ မခံစားရဘူး...
YOU ARE READING
𝐒𝐨𝐮𝐥𝐥𝐞𝐬𝐬 𝐡𝐞𝐚𝐫𝐭~
Mystery / Thriller𝐒𝐨𝐮𝐥𝐥𝐞𝐬𝐬 𝐇𝐞𝐚𝐫𝐭 "အသက်မဲ့ နှလုံးသား" Unicode+Zawgyi သင်အပါအဝင် စုံထောက် ၈ ယောက်... ကွင်းဆက်လူသတ်မှုအကြီးကြီးကို ရင်ဆိုင်ရင်း... တွေ့ကြုံလာရမယ့် ဘဝအခက်အခဲတွေ... ချစ်ခြင်းမေတ္တာတွေ... လူ့သဘောသဘာဝတွေကို အခြေခံပြီး မက်ဆေ့ချ်လေးပ...