Episode 3

213 32 15
                                    

အပိုင်း ၃

အသိပေးခြင်း

ဤ FF တွင်ပါဝင်သော အမည်များ၊ အဖွဲ့အစည်းများ၊ နေရာများနှင့် အဖြစ်အပျက်များအားလုံးသည် စိတ်ကူးယဉ်သက်သက်ဖြစ်ပါသည်။

တချို့စာဖတ်သူများအတွက် အနှောင့်အယှက်ဖြစ်စေနိုင်မည့် ကြမ်းတမ်းမှုများ သွေးထွက်သံယိုများ ပါဝင်နိုင်ကြောင်း ကြိုတင်သတိပေးပါသည်။

Third person View

"အော် သူကျတော့ နာတတ်တယ်ပေါ့"

လူတစ်ယောက် ရွဲ့ပြောရင်း လှောင်ရယ်ရယ်လိုက်သည်။

"Mmmm immm!!!" ဒဏ်ရာများကြောင့် စကားလုံးတစ်လုံးကိုမှ အပီအပြင်မပြောနိုင်တော့သည့် အသက် ၅၀ အရွယ် အမျိုးသားမှာ ညည်းညူသံဖြင့်သာ အကူအညီတောင်းနေရသည်။

အခန်းတစ်ခုလုံး ထိုအမျိုးသား၏ ညည်းညူသံမှာ ပဲ့တင်ထပ်နေသည်။

"ခင်ဗျားကြီး သူ့ကိုနာကျင်အောင်လုပ်ခဲ့တုန်းက သူဘယ်လိုခံစားရမလဲ အခုနားလည်ပြီလား!?"

လှောင်ပြောင်ရယ်မောနေရာမှ စိတ်ဆိုးသံဖြင့် အော်လိုက်သည်။

ညည်းညူပြီး နာကျင်သည့်အသံဖြင့် အော်နေသူ အမျိုးသားကြီးမှာ အခန်း၏ ကုတင်ဘေး ကြမ်းပြင်ပေါ်တွင် သွေးများဖြင့်ဖုံးလွှမ်းလျက် ပုံကျနေသည်။

နာကျင်ပင်ပန်းလွန်းလှသည့်အတွက် အသံတစ်သံမျှမထွက်နိုင်တော့ကာ မေ့မြောမလိုဖြစ်နေ၏။

"ခင်ဗျား ဒီလိုလွယ်လွယ်နဲ့ မသေရဘူး ဒီငရဲထဲမှာပဲ ဒုက္ခခံရင်း ဖြည်းဖြည်းချင်း သေရမယ်"

ကြမ်းပြင်ပေါ်မှ သနားစရာအဘိုးအို၏ မျက်နှာကို ကြမ်းတမ်းစွာဆွဲကိုင်ရင်း ပြောလိုက်သည်။

"စောင့်ကြည့်နေလိုက် ပျော်စရာတွေအများကြီးကျန်သေးတယ်"

ကြမ်းပြင်ပေါ်မှ အဘိုးအိုမှာ ခြေသံပြင်းပြင်းဖြင့်ထွက်သွားသော ထိုလူ၏ နောက်ကျောပုံကိုသာ ဝေဝါးလှသော မျက်လုံးဖြင့်ကြည့်နေရုံမှ တစ်ပါး တခြားမတတ်နိုင်ရှာ။

ကြမ်းပြင်ပေါ်မှ အဘိုးအိုမှာ ခြေသံပြင်းပြင်းဖြင့်ထွက်သွားသော ထိုလူ၏ နောက်ကျောပုံကိုသာ ဝေဝါးလှသော မျက်လုံးဖြင့်ကြည့်နေရုံမှ တစ်ပါး တခြားမတတ်နိုင်ရှာ။

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
𝐒𝐨𝐮𝐥𝐥𝐞𝐬𝐬 𝐡𝐞𝐚𝐫𝐭~Where stories live. Discover now