အပိုင်း ၅
ဤ FF တွင်ပါဝင်သော အမည်များ၊ ဇာတ်ကောင်များ၊ အဖွဲ့အစည်းများ၊နေ့စွဲများ၊နေရာများနှင့် အဖြစ်အပျက်များအားလုံးသည် စိတ်ကူးယဉ်သက်သက်သာဖြစ်သည်။
တစ်ခုခုထူးဆန်းသည်ဟု ခံစားရ၍ သင် စာရွက်ကို မြန်မြန်ကြည့်လိုက်သည်။
ဂန်ဘုအမှုအကျဉ်းချုပ်
12.2.2012
ဆိုးလ်မြို့ ဂန်ဘုဒုံ အမှတ် ၂ နေအိမ်အဆောက်အဦတစ်ခုတွင် အမျိုးသမီးတစ်ဦးနှင့် အမျိုးသားတစ်ဦး သေဆုံးနေသည်ဟု တိုင်ကြားစာရ၍ မြို့နယ်တာဝန်ရှိရဲအရာရှိများ သွားရောက်စုံစမ်းခဲ့သည်။ အမျိုးသားအေမှာ ခေါင်းထိပ်တွင် ဒဏ်ရာရနေပြီး လည်ပင်းဘေးတွင် အချွန်တစ်ခုခုဖြင့်အထိုးခံရသော ဒဏ်ရာဖြင့် သွေးထွက်လွန်၍ သေဆုံးနေကာ အမျိုးသမီးဘီမှာ နက်ရှိုင်းသော ဒဏ်ရာမရှိသော်လည်း ခေါင်းအစခြေအဆုံး ဒဏ်ရာအသေးအမွှားများရှိနေကာ အနိုင်ကျင့်အဓ္ဓမပြုကျင့်ခံထားရသည်ဟု ယူဆထားသည်။ထိုအမျိုးသမီးမှာ သာမန်အိမ်ထောင်ရှင်မတစ်ယောက်ဖြစ်၍ အသက် ၄၀ ခန့်လောက်ရှိသည်။ဆေးအဖွဲ့များ၏ ပေါ့ဆမှုကြောင့် မည်သူမည်ဝါမှန်း အထောက်အထားရှာမတွေ့ခင် မီးရှို့သဂ္ဂြိုဟ်ခဲ့ရသည်။ထို အမျိုးသမီးဘီကို မတရားပြုကျင့်သူမှာ သေဆုံးနေသော အမျိုးသား အေဖြစ်သည်ဟု တာဝန်ရှိသူများပြောကြားခဲ့သည်။ ရဲတပ်ဖွဲ့များ၏ပြောစကား အရ ထိုအမျိုးသားမှာ ဂန်ဘုစုံစမ်းရေးဌာနမှူး Min DaeGu ဟုသိရသည်။ဤ အမှုကြောင့်ရဲအရာရှိများ ဂုဏ်သရေကျကာ အပြောဆိုခံခဲ့ရသည်။ထို့ကြောင့် အမှုကို အမြန်ပိတ်သိမ်းလိုက်ရသည်။ ဤအမှုကို နောက်ဆုံးပိတ်သိမ်းခဲ့သော ရဲမှူးကြီး Kim ၏ ပြောစကားအရ မှုခင်းနေရာတွင် သေဆုံးသူ နှစ်ဦးတင်တင်မက အမည်မသိလူနှစ်ဦး ထပ်ရှိနေနိုင်သေးသည်ဟု သိရှိရသည်။နောက်တစ်မျက်နှာ လှန်လိုက်သည်။
Min Dae Gu ၏ကိုယ်ရေးအကျဉ်း
အမည် - မင်ဒယ်ဂူ
အိမ်ထောင်ရှိ - အမျိုးသမီးယူနာရာ
အလုပ်အကိုင် - အစိုးရစုံထောက်
YOU ARE READING
𝐒𝐨𝐮𝐥𝐥𝐞𝐬𝐬 𝐡𝐞𝐚𝐫𝐭~
Mystery / Thriller𝐒𝐨𝐮𝐥𝐥𝐞𝐬𝐬 𝐇𝐞𝐚𝐫𝐭 "အသက်မဲ့ နှလုံးသား" Unicode+Zawgyi သင်အပါအဝင် စုံထောက် ၈ ယောက်... ကွင်းဆက်လူသတ်မှုအကြီးကြီးကို ရင်ဆိုင်ရင်း... တွေ့ကြုံလာရမယ့် ဘဝအခက်အခဲတွေ... ချစ်ခြင်းမေတ္တာတွေ... လူ့သဘောသဘာဝတွေကို အခြေခံပြီး မက်ဆေ့ချ်လေးပ...