အသိပေးခြင်း
ဤ FF တွင်ပါဝင်သော အမည်များ အဖွဲ့အစည်းများ နေရာများနှင့် အဖြစ်အပျက်များအားလုံးသည် စိတ်ကူးယဉ်သက်သက်ဖြစ်ပါသည်။အပေါ်တွင်ပေးထားသည့် သီချင်းလေးနားထောင်ရင်းဖတ်ဖို့ အကြံပေးပါသည်။
တချို့စာဖတ်သူများအတွက် အနှောင့်အယှက်ဖြစ်စေနိုင်မည့် ကြမ်းတမ်းမှုများ သွေးထွက်သံယိုများ ပါဝင်နိုင်ကြောင်း ကြိုတင်သတိပေးပါသည်။
အပိုင်း ၁
You : အား...ဘာလို့ ဒီလောက်ကြာနေရတာလဲဟာ!?
ခြောက်ကပ်နေသော အဝေးပြေးလမ်းမကြီး၏ တစ်ဖက်လမ်း ဓာတ်ဆီဆိုင်တစ်ဆိုင်၏ရှေ့တွင် မတ်တပ်ရပ်နေရင်း သင် ညည်းညူလိုက်သည်။
စမတ်ကျကျဝတ်စုံပြည့်ဝတ်ထားသော သင်သည် လက်ပိုက်ထား၍ နံရံတစ်ခုကို မှီကာ ပျင်းတွဲတွဲ ရပ်နေသည်။
အလုပ်များလွန်းလှသည့် နေ့ရက်တိုင်းအတွက် ဒီလိုမျိုး တစ်နေရာထဲတွင် ရပ်ကာ တွေးတောငေးမောနေနိုင်သည့်အချိန်ဆိုတာ သင့်အတွက် မရှိသလောက်ပင်။ ဤကဲ့သို့ နေပူထဲတွင် ရပ်၍ ကိုယ်တွေးချင်ရာတွေးနေရသည်မှာလည်း သင့်အတွက် ကောင်းသည့်အရာလား မကောင်းသည့်အရာလား ဆိုတာ မခွဲခြားနိုင်တော့ပေ။
"သင့်အမြင်"
အစိုးရစုံထောက်ဖြစ်တဲ့ ကျွန်မအတွက်တော့ နေ့ရက်တိုင်းက ငရဲလိုပါပဲ တစ်ပတ်မှာ ၇ ရက်လုံး စိတ်အေးရတဲ့နေ့ဆိုတာ မရှိပါဘူး စိတ်ပျက်စရာလူသတ်မှုတွေ ခိုးမှုတွေ ဓားပြတိုက်မှုတွေနဲ့ ထောင်ပေါင်းများစွာသော ပြစ်မှုတွေ ဆက်တိုက်ဖြစ်နေတဲ့အပြင် ထပ်ခါတလဲလဲပြန်ဖြစ်နေမြဲပါ။ ဒီလို အမှုပေါင်းများစွာကလည်း တစ်မိနစ်အတွင်း အကုန်တစ်ပြိုင်နက် ဖြစ်လာနိုင်တယ် ရက်စက်ကြမ်းတမ်းလွန်းတဲ့အပြစ်သားတွေကို လူသားလို့တောင်မခေါ်ထိုက်ဘူး ဒီလိုပြစ်မှုတွေနဲ့ပြည့်နေတဲ့လောကကြီးကို ငြီးငွေ့နေပြီ တစ်ခါတရံ ဒီလောကကြီးကနေ ရုန်းထွက်ချင်စိတ်ဝင်မိတယ် ဒါပေမဲ့ အပြစ်မဲ့တဲ့ လူသားတစ်ချို့အတွက် တွေးရင်း ဆက်လက်တာဝန်ထမ်းဆောင်နေဆဲပါပဲ
STAI LEGGENDO
𝐒𝐨𝐮𝐥𝐥𝐞𝐬𝐬 𝐡𝐞𝐚𝐫𝐭~
Mistero / Thriller𝐒𝐨𝐮𝐥𝐥𝐞𝐬𝐬 𝐇𝐞𝐚𝐫𝐭 "အသက်မဲ့ နှလုံးသား" Unicode+Zawgyi သင်အပါအဝင် စုံထောက် ၈ ယောက်... ကွင်းဆက်လူသတ်မှုအကြီးကြီးကို ရင်ဆိုင်ရင်း... တွေ့ကြုံလာရမယ့် ဘဝအခက်အခဲတွေ... ချစ်ခြင်းမေတ္တာတွေ... လူ့သဘောသဘာဝတွေကို အခြေခံပြီး မက်ဆေ့ချ်လေးပ...