မိုးတွေသည်းနေတယ်ပြတင်းပေါက်ကိုမိုးတွေစင်တာမို့မိုးရာသီကိုအပြည့်အဝခံစားနေနိုင်သည့်အချိန်ဖြစ်တာမို့ ကင်ထယ်ယောင်းတစ်ယောက်နှစ်ခြိုက်စွာအိပ်မောကျနေသည်
''ပါးပါး ပါးပါး ထတော့ ဗိုက်ဆာတယ် ဗိုက်ဆာတယ် ပါးပါး!! မီးမီးစိတ်မရှည်တော့ဘူးနော်''
ထယ်ယောင်းဗိုက်ပေါ်ကနာကျင်မူနဲ့အတူ ဆူညံသောအသံများကြောင့်နိုးသွားသည်သို့သော်သူအိပ်ရေးမဝသေးသည်မို့သူ၏သမီးငယ်ဖြစ်သောဆိုဟီးကို တိုးငယ်လှတဲ့အသံနဲ့အိပ်ချင်မူးတူးစကားဆိုလိုက်သည်
''မီးမီးရယ်ပါးပါးအိပ်ချင်သေးတယ်''
သူ့ရဲ့ငြီးငြူးနေတဲ့အသံကိုဂရုမစိုက်တဲ့သမီးဆိုးလေးကတော့
''မရဘူးပါးပါး မိုးကသာရွာနေတာ တကယ်ဒီအချိန်ဆို နေကပါးပါးဖင်ထဲဝင်တောင်ဝင်ပြီးနေပြီး''
အွန်း ဒီကလေးကသူကိုယ်တိုင် ဗိုက်နဲ့လွယ်ပြီးမွေးထားတဲ့ကလေးလေး သူချစ်ရတဲ့သူနဲ့လက်ထပ်ပြီး ၁လလောက်ထိအေးဆေးနေနိုင်ခဲ့ပေမဲ့ ပြဿနာတချို့ကြောင့် သမီးငယ်လေးကိုသူတစ်ယောက်ထဲလို စောင့်ရှောက်ခဲ့တာဖြင့် ၅နှစ်တောင်ရှိသွားပြီး
''ပါးပါးကိုမသနားဘူးလားပြော''
''ပါးပါးကလဲ မီးမီးမှာတူတူဆော့ပေးမဲ့သူဆိုလို့ပါးပါးပဲရှိတာကို''
လက်သေးသေးလေးနှစ်ဖက်ကိုစုပြီးနှုတ်ခမ်းထော်ထော်လေးနဲ့ပြောရှာသည်ထိုချစ်စရာကောင်းတဲ့ပုံစံလေးကြောင့် ထယ်ယောင်း နံနက်ခင်းလေးက သာယာသွားရသည် အပြင်မှာမိုးတွေမှောင်မှောက်နေပေမဲ့ပေါ့
''aigoo ငါ့မီးမီးလေးတောင်ကျောင်းတက်ရမဲ့အရွယ်ရောက်နေပြီးပဲ''
''မတက်လို့မရဘူးလားပါးပါး ပါးပါးနားမှာပဲတစ်သက်လုံးနေမယ်လေ ပါးပါးလုပ်စာပဲထိုင်စားချင်တာ''
''ပါးပါးသေ---''
သူ့ကိုစကားအပြောမခံသည့်ပုံနှင့်ပင် လက်သေးသေးဖောင်းဖောင်းလေးကို ထယ်ယောင်းပါးစပ်ပေါ်ကိုအုပ်လိုက်ပြီးမျက်မှောက်ကြုံတ်ကာ
YOU ARE READING
FATE(complete)
Fanfictiontae-ချစ်လွန်းလို့သာအရာအားလုံးသည်းခံခဲ့တာ မင်းဖြစ်နေလို့ကို jk-ကိုယ်booမကြိုက်တာတွေအကုန်ပြင်ဆင်မှာမို့ ဘာတွေပဲ ဖြစ်နေပါစေကိုယ့်စီပဲ ပြန်လာပေးပါ