FATE 7

1K 53 9
                                    

jung hoseok အူကြောင်ကြောင်ဆရာဝန် ရှိတဲ့ဆေးရုံကိုရောက်နေသည် သူ့တပည့်တွေထဲက တစ်ယောက် ဒဏ်ရာ ရထားလို့ ရောက်နေခြင်းဖြစ်သည် တကယ်က hoseok က စိတ်ရင်းကောင်းတဲ့ကောင်လေးတစ်ယောက်ပါ

hoseokအမေကhoseok အဖေဆုံးတာတစ်လမကြာသေးပဲ နောက်အိမ်ထောင်ကို အိမ်ပေါ်ခေါ်တင်လာခဲ့သည် ပထွေးက သူနဲ့ရွယ်တူသားတစ်ယောက်ပါခေါ်လာသည် သူတို့နဲ့အဆင်ပြေတယ်ဆိုပေသော်ငြားလဲ အမေ့ကိုမုန်းသည် ဘယ်သူမဆို ဒီလိုအခြေအနေကိုမုန်းကြမှာပဲလေ အမေ့ကိုမုန်းတာကြောင့် ရပ်ကွက်ထဲလျှောက်ပတ်ရင် ခင်သွားတဲ့သူက ဂိုဏ်းတစ်ခုရဲ့ခေါင်းဆောင်ဖြစ်နေခဲ့သည် တရားမဝင်သေနတ်ရောင်းတာပေါ့

အစက အဲ့လိုတွေရှိတက်မယ်မထင်ထားခဲ့ဘူး ဇာတ်လမ်းတွေထဲပဲရှိမယ်ထင်တာ အဲ့လောက်ကိုအကောင်းတွေးပြီးဖြူစင်တဲ့သူပါ အဲ့သူငယ်ချင်းက သူ့ရှေ့မှာတင်တခြားဂိုဏ်ကလူသတ်လိုက်တာနဲ့ ကျန်ခဲ့တဲ့သူတပည့်တွေကလဲသွားစရာမရှိတာကြောင့် hoseokသူငယ်ချင်းမှာဆွေမျိုးသားချင်းမရှိတာမို့သူက သူ့တပည့်တွေကိုမိသားစုလိုသဘောထားသူမို့ သူ့နေရာကိုယူပြီး hoseok ခေါင်းဆောင်တာဝန်ကိုယူလိုက်ရသည် သူ့တပည့်ဖြစ်သူတွေနဲ့ကလဲ ခင်တဲ့သူတွေပီပီလက်ခံကြသည်

အမေက အဲ့တာလုပ်တာသိပြီး ဆေးရုံရောက်သွားပေးမဲ့ အရွဲ့လဲတိုက်ချင်တယ် ကျန်ခဲ့တဲ့သူ့တပည့်သူကပဲဒီအလုပ်ကိုဦးဆောင်လိုက်ပီး နေရာထိုင်ခင်းပေးလိုက်သည် သူဒီအလုပ်ကိုအမြစ်ဖြတ်ပြီးတခြားအလုပ်ချင်ပေးမဲ့ သူငယ်ချင်းကိုသတ်သွားတဲ့သူကို ပြန်ကလဲ့စားချေချင်လို့ ဒီအလုပ်ကိုဆက်လုပ်ခဲ့တာ

သူရဲ့ ပထွေးသားဖြစ်တဲ့nam joon hyungကို သူအလိုရှိရာကိုလုပ်စေတယ် companyကြီးပါပိုင်ဆိုင်ထားတဲ့သူတို့အနေနဲ့ တစ်ခုခုပေါက်ကြားသွားရင်တောင် ရဲတွေကိုပါးစပ်ပိတ်လို့ရတာပဲလေ အဲ့ကိစ္စမှာတော့ hyungက ကူညီပေးတယ်

hoseok ဖြစ်ပျက်ခဲ့သမျှကိုစဥ်းစားပြီး သွေးဆူနေမိတယ် သူငယ်ချင်းကိုသတ်သွားတဲ့သူက သူငယ်ချင်းနာရေးတောင်လာသွားသေးတယ် သတ်ဖို့ပြင်တော့ပျောက်သွားတယ်အဲ့နောက်ပိုင်းရှာမတွေ့ဘူး

FATE(complete)Nơi câu chuyện tồn tại. Hãy khám phá bây giờ