minwooအတွက် တရားရုံးမှာစီရင်တော့ ဘယ်သူမှသူ့ဘက်မှာမရှိသလို ရှေ့နေငှားဖို့လဲ ပိုက်ဆံမရှိသည်ကြောင့် ရက်တောင်ချိန်းစရာမလိုပဲ ထောင်ထဲဝင်သွားရသည်
သူ့ထောင်အခန်းသွားရမည့်တစ်လျှောက်တွင် သူ့ခန္တာကိုယ်ကို လျှာသပ်နေသူများမှာခပ်များများမို့ minwooတော်တော်လန့်နေရသည် သူလှတာမှန်ပေမဲ့ ဟိုလို ဖြစ်ရက်မျိုးတွေတော့သူမဖြစ်ချင် သူ့အလှကိုသူဂုဏ်ယူတယ်ဆိုသော်ငြားလဲသူဒီလိုအရာတွေမုန်းသည်
ထောင်ထဲရောက်တော့ ထူးဆန်းစွာသူ သူ့အဖေနဲ့အခန်းတူနေသည်မို့ minwoo အနေနဲ့အားကိုးရမဲ့သူပေါ်လို့ ပျော်မယ်ကြံ သူ့အဖေ မျက်နှာက ဒဏ်ရာအချို့ကြောင့် သူသိလိုက်ပြီး သူ့အဖေက ထောင်ထဲမှာအရှုံးသမားတစ်ယောက်ဆိုတာကိုပင်
'အပါး ဒါတွေဘယ်လိုဖြစ်တာလဲ'
minwoo မျက်နှာညိုးငယ်စွာပြောတော့ သူ့အပါးက လှောင်သလိုရုပ်နဲ့ရယ်ပြပြီး
'မင်းက ငါ့ကို မင်းအဖေလို့ သတ်မှတ်သေးတာလား ကိုယ့်အဖေကိုထောင်ထဲမှာထားထားပြီးသူက အပြင်မှာ ပျော်ပါးနေခဲ့တာ ခုတော့ငါနဲ့အခန်းတောင်တူနေသေးတာ'
'မ မဟုတ်ဘူး အပါး ကျွန်တော် ကြိုးစားနေတာ အပါးကို ထုတ်ပေးဖို့ အပါး ကျွန်တော်က အပါးသားလေး'
'ဟက် ကို့ဟာကို နေစမ်းပါ'
mr choiတစ်ယောက် အခန်းထောင့်နားမှာသွားထိုင်တော့ minwooလဲ ခုမှ သေသေချာချာအခန်းပတ်ပတ်လည်ကို ကြည့်မိတော့သူ သူနဲ့သူ့အပါးအပြင် တစ်ခြား အမျိုးသားသုံးဦး အဲ့သုံးဦးထဲကမှ လူတစ်ယောက်ကြီး ခန္တာကိုယ် ကအရမ်းထွားကြိုက်လှတာကြောင့် သူအားကိုးဖော်ရမလားဆိုတဲ့စိတ်နဲ့ သူ့ကိုကပ်ဖို့ target ထားလိုက်သည်
....-နေ့လည်စာစားချိန်ရောက်ပြီး ထ ထ
ထောင်သားတွေအကုန် တန်းစီပြီးထွက်လာနေကြတော့ minwoo လဲသူ့အပါးနားကနေ လျှောက်သွားနေလိုက်သည်
'ငါ့နားကိုမကပ်စမ်းနဲ့ကပ်လို့ မင်းအတွက်ကောင်းမဲ့အရာဆိုတာမရှိဘူး'
'အပါး'
minwoo အသံတိုးတိုးခေါ်လိုက်တော့ သူ့အပါးမှာသူ့ကိုမသိသလိုပဲ စားရမဲ့နေရာကိုရောက်ပြန်တော့ သူ့အပါးမှာချောင်ထဲ တစ်ယောက်ထဲ သွားစားနေလေသည် သူက တော့ သူနဲ့အခန်းတူတူ လူကြီးတို့ စားပွဲ မှာထိုင်လိုက်တော့ လူတွေအားလုံးရဲ့အကြည့်ဟာ သူ့စီရောက်လာခဲ့သည်

YOU ARE READING
FATE(complete)
Fanfictiontae-ချစ်လွန်းလို့သာအရာအားလုံးသည်းခံခဲ့တာ မင်းဖြစ်နေလို့ကို jk-ကိုယ်booမကြိုက်တာတွေအကုန်ပြင်ဆင်မှာမို့ ဘာတွေပဲ ဖြစ်နေပါစေကိုယ့်စီပဲ ပြန်လာပေးပါ