jk ရုံးကိုရောက်ရောက်ချင်း minwooကိုလိုက်ရှာမိသည် taehyungပြောပုံအရဆို minwooက တော်တော်လေကိုစိတ်ထိခိုက်နေတဲ့ပုံပင် taeတို့မသိရင်တောင် သူက minwooရဲ့အကြောင်းတွေကိုသိသူပီပီ စောင့်ရှောက်ပေးရမည်မဟုတ်လား
minwoo အခန်းထဲက အိမ်သာရေမလာလို့ အောက်ကအခန်းမှာ အိမ်သာသွားလို့ပြန်လာတော့ ကိုကိုက အခန်းထဲကို ချောင်းကြည့်နေတာ အရမ်းချစ်ဖို့ကောင်းတယ်ချောင်းကြည့်နေတဲ့ပုံလေက
'ဟိတ် ကိုကို!!'
'အားး လန့်လိုက်တာ min wooရာ'
'ဘာတွေလာချောင်းနေတာလဲ ကိုကို'
'အော ဒီမှာ မင်းအတွက်မုန့်ဝယ်လာတာ တူတူစားမလား'
minwoo မျက်ရည်တောင်အနည်းငယ်ဝဲသွားသည်
'စားမှာပေါ့ စားမယ်စားမယ်'
jkစီက မုန့်ထုတ်တွေယူပြီး ခေါင်းလေးလှုပ်ကာ ရုံးခန်းထဲဝင်သွားတဲ့ minwooကို ကြည့်ပြီး jk ပြုံးမိလိုက်သည်
'တော်တော်လေးချစ်ဖို့ကောင်းတာပဲ'
donut စားနေတုန်း
'ကိုကို ဘယ်လိုဖြစ်ပြီး ကျွန်တော်--'
စကားရပ်သွားခြင်းမှာ mw ပါးစပ်မှာ creamတွေပေသွားလို့ jk က တစ်ရှူးနဲ့သုတ်ပေးလိုက်တာကြောင့်ပင် jkကတော့ ရိုးရိုး တစ်ရှူးလေးနဲ့သုတ်ပေးလိုက်ပေမဲ့ mwအတွက်တော့ ရင်တွေထိန်းမရအောင်ခုန်နေပြီး ဘာပြောရမလဲတောင်မသိ ဖြစ်ပြီးငြိမ်ကျသွားလေသည်
'uhmm inwooေဆက်ပြောလေ ခုနက creamတွေတော်တော်ပေပွနေလို့ ကလေးလေးလိုပဲစားနေတာ'
jk minwooခေါင်းကိုဖွပြီးပြောပေးလိုက်တော့ minwoo ချက်ချင်း ဘာမှမပြောနိုင်ပဲ ရုံးခန်းထဲကထွက်လာခဲ့လိုက်တော့သည် minwooအဆက်မပြတ်ခုန်နေတဲ့ နှလုံးနားကိုလက်နဲ့ဖိလိုက်ပြီး လူက ပြုံးရမလို မပြုံးရမလိုနဲ့ တံခါးကိုမှီချလိုက်သည်
'ကိုကိုရဲ့ဘာမဟုတ်တဲ့အသေးစားထိတွေ့မူလေးကတောင်ငါ့ကိုရင်ခုန်စေပါလား'
jk မှာတော့ပြေးထွက်သွားသော minwoo ကိုကြည့်ပြီး နားမလည်ဖြစ်ကျန်ခဲ့သည် နောက်တော့ တစ်ခုခုများလားလို့ စိုးရိမ်လို့လိုက်ထွက်ကြည့်လိုက်တော့ minwooက အိမ်သာထဲကနေ မျက်နှာသစ်ပြီးထွက်လာသည်ထင်
![](https://img.wattpad.com/cover/306140729-288-k585365.jpg)
YOU ARE READING
FATE(complete)
Fanfictiontae-ချစ်လွန်းလို့သာအရာအားလုံးသည်းခံခဲ့တာ မင်းဖြစ်နေလို့ကို jk-ကိုယ်booမကြိုက်တာတွေအကုန်ပြင်ဆင်မှာမို့ ဘာတွေပဲ ဖြစ်နေပါစေကိုယ့်စီပဲ ပြန်လာပေးပါ