jk minwooနဲ့တူတူ မနက်စာစားချိန်
'ကိုကို ဒါထည့်စား ကျွန်တော်စပယ်ရှယ်ချက်ထားတာ'
'ဒါရောပဲ'
'ဒါလဲပါတယ်'
'minwoo က အကုန်လုံးကို သေချာချက်ထားတာပဲ ကိုယ်အရသာခံမိပါသည်'
booထွက်သွားပြီးနောက်ပိုင်း minwooက သိသိသာသာကြီးကို သူ့အနားအရမ်းကပ်တွယ်သည် အရင်ကထက်ပိုပြီးတော့လဲ အိမ်ထဲ nakedမဖြစ်ရုံတစ်မယ် အဝတ်အစားလဲဝတ်သည်
သူတို့သတင်းကခြေငြိမ်သွားသည်ဆိုပေမဲ့စီးပွားရှင်တွေကြားမှာတော့ စကားပြောစရာတွေပင် ကံကောင်းသည်ပင်ဆိုရမလား သူ့ရှယ်ယာရှင်အများစုက သူ့ကိုယုံကြည်ကြသည် သူတို့အတွက် jkက ဖောက်ပြန်တယ်ဆိုတာအမှန်ဆိုရင်တောင် jkရဲ့စီးပွားရေးမှာကိုင်တွယ်နိုင်တဲ့ပုံက စနစ်ကျသည်ကြောင့်ယုံကြည်ကြတာများသည် ရှယ်ယာ ကျဆင်းလဲ jkတွက်က ဘာမှမဖြစ် 50%လောက်က သူကိုယ်တိုင် ကြိုးစားထားသည်မို့ အရာရာကို အတည်တကျဖြစ်အောင်လုပ်ဖို့က အသာလေးပင်
jkအနေနဲ့ minwoo ကို အရင်က အတိုင်းဆိုအဝေးခဏပို့ထားမည်ဆိုသော်ညားလဲ ရန်သူကိုအနီးမှာထားတာက အကောင်းဆုံးသောအရာပင်
'ဒါနဲ့ကိုကို သတင်းစာရှင်းလင်းပွဲကဘယ်တော့လုပ်မှာလဲ'
jk minwoo ကို မျက်လုံးလေး လျက်ကြည့်လိုက်တော့ minwoo က မသက်မသာအပြုံးနဲ့
'ကျွန်တော်က အလျင်လိုနေတယ်လဲမဟုတ်ပါဘူး တကယ်ဆို ကျွန်တော်လဲထိခိုက်ခဲ့ရတာပဲလေ ဒီသတင်းတွေကြောင့်'
jkလဲ ေရသောက်လိုက်ပြီးအစာကိုရေနဲ့သာမျှောချလိုက်ပြီး
'စိတ်ချပါမကြာပါဘူး အရာအားလုံးကို အမှန်အတိုင်းပြောမှာမို့လို့'
minwoo jk ကိုပြုံးလိုက်ပြီး စားပွဲပေါ်တင်ထားတဲ့ jkလက်ကို minwoo အုပ်ကိုင်လိုက်ကာ
'ကိုကိုက ကျွန်တော့်အတွက်အမြဲလေးစားစရာကောင်းတဲ့အမျိုးသားတစ်ဦးပါပဲ'
jk minwoo လက်အောက်ကနေ လက်နှုတ်ယူလိုက်ပြီး ခြံထဲသာထွက်ထိုင်နေလိုက်တော့ သည် minwoo ဘေးနားမှာနေရင် သူ့စိတ်ကိုမထိန်းနိုင် ပိတ်ထိုးချင်နေတာ သူ့ကြောင့်သူ့မိသားစုတွေက တကွဲတပြားစီဖြစ်နေတာလေ

YOU ARE READING
FATE(complete)
Fanfictiontae-ချစ်လွန်းလို့သာအရာအားလုံးသည်းခံခဲ့တာ မင်းဖြစ်နေလို့ကို jk-ကိုယ်booမကြိုက်တာတွေအကုန်ပြင်ဆင်မှာမို့ ဘာတွေပဲ ဖြစ်နေပါစေကိုယ့်စီပဲ ပြန်လာပေးပါ