Part - 2 ( TDOL)(unicode)

458 26 0
                                    

ည အိပ်ခါနီး ရှန်ခ တစ်ယောက် ခခအခန်းတံခါးကိုဖွင့်ပြီး အပေါက်ဝကနေဘာလုပ်နေလဲ ကြည့်လိုက်တော့ စာရေးစားပွဲပေါ်မှာ ပုံဆွဲနေသည်ကိုတွေ့လိုက်တော့ ပြုံးပြီးကြည့်နေလိုက်သည် ။
ရုတ်တရတ် ခခက အနောက်ကိုကိုလှည့်ကြည့်လာပြီးသူ့ကိုလည်းမြင်ရော ကိုယ်လေးတုန်တက်သွားပြီး မျက်လုံးလေးပြူးသွားလျက်

" ဒယ် .. ဒယ်ဒီ ! ခခက အိမ်စာစာလုပ်ပြီးလို့ မအိပ်ချင်သေးတာနဲ့ ခဏလောက်ပုံဆွဲမိတာပါ ဒယ်ဒီ "

အသဲအသန်လက်တစ်ခါခါနဲ့ ရှင်းပြလာတဲ့ သမီးဖြစ်သူကိုကြည့်ပြီး ရှန်ခ မျက်မှောင်ကြုတ်မိသည်

" အေးပါ သမီးရယ် ဒယ်ဒီလည်းဘာမှမပြောပါဘူး "

ရှန်ခသည် သူ့သမီးကို အပြုံးလေး နဲ့မကြောက်အောင်ပြောပြပြီး ခခအခန်းကို ဝေ့ဝဲကြည့်နေတော့

" ဆောရီး ဒယ်ဒီ .. ခခ အခန်းမရှင်းမိထားဘူး "

ခခသည် သူ့ဒယ်ဒီ သူ့အခန်းထဲကြည့်နေတာတွေ့သွားတော့ သူ့တစ်‌ယောက်အိပ်ကုတင်လေးပေါ်က ရှုပ်ပွနေတာကိုသိတာကြောင့် တောင်းပန်လိုက်သည် ။ ဒယ်ဒီက အရမ်းအသန့်ကြိုက်သည် ။ သူတို့မောင်နှစ်မတွေအပေါ်လည်း အရမ်းစည်းကမ်းကြပ်သည် ။ ဒယ်ဒီက တော်ရုံ စကားမပြော အခုမှသာ ခခအခန်းထဲလာကြည့်တာဖြစ်သည် ။ တော်သေးတာက ဒယ်ဒီက မဆူတဲ့အပြင်

" ရပါတယ်သမီးရဲ့ ဒယ်ဒီက ခခအိပ်ပြီလားဆိုတာခဏဝင်ကြည့်တာပါ မနက်ကျရင် မိအေးကိုသမီးအခန်းရှင်းခိုင်းထားလိုက်မယ် ပုံဆွဲနေတာမလား ဆက်ဆွဲ ဆက်ဆွဲ "

" ဟင့်အင်း ဒယ်ဒီ .. ခခ အခုပဲအိပ်တော့မယ် "

ပြောပြီး စားရေးစားပွဲပေါ်ကမီးအိမ်ကိုပိတ်လျက်သူ့ကုတင်ပေါ်သူတက်အိပ်သွားတဲ့ သမီးငယ်ကိုကြည့်ပြီး ရှန်ခ မျက်နှာပျက်သွားရသည် ။

တံခါးအသာလေးပြန်ပိတ်လျက်သာ ဘေးအခန်းက ရာရာ့အခန်းဆီ လာခဲ့လိုက်သည် ။

သားအခန်းဝက‌နေ သားကရှန်ခ ကြည့်နေတာတွေ့တော့

" အယ် ! ဒယ်ဒီ သားအိမ်စာလုပ်ပြီးတော့ မာမီက ဂိမ်းခဏဆော့လို့ရတယ်ဆိုလို့ သားခဏဆော့တာပါ ဒယ်ဒီ "

The Deception of Love (TDOL) Ongoing Where stories live. Discover now