Part - 7 ( TDOL )( Unicode )

510 28 0
                                    

ဝန်းရံခ မဝေဝေးနဲ့ ပြောပြီး ရုံးခန့်ထဲပြန်ဝင်လာသည် ကိုယ့်နေရာမှာကိုယ်ထိုင်လိုက်လျက် ဒီအပတ်အ‌တွက်တင်ပြရမယ့်စာတမ်းတွေကို စီနေလိုက်သည် ။ ရှန်ခဘက်ကိုတစ်ချက်စောင်းကြည့်မိတော့ ရှေ့က လက်တော့ကိုပဲ စိုက်ကြည့်နေတာတွေ့လိုက်ရသည် ။

စီပြီးသားစာတမ်းတွေကို ဖိုင်နဲ့တွဲလျက် ရှန်ခ စီထလာလိုက်သည် ။

" ဦးတည် ! "

သူခေါ်တော့ သူ့ကိုတောင်မကြည့်ပဲ လက်တော့နှိပ်လျက် မေးသာဆတ်ပြသည် ။ " ပြော " ဆိုသည့် သဘောပင် ။ ဝန်းရံခ ကျောတောင်ချမ်းလာသလိုပင် .. နေပါအုန်း အခုအခြေအနေကြီးက မနက်ကထပ်တောင် လေထုကငြိမ်သက်နေသလိုကြီး aircon အလုပ်မလုပ်တော့တာများလား ? ဟူးးးး အခုပြောရရင် ရှန်ခမျက်နှာကြီးက အလွန်တည်လျက် မျက်ခုံးတို့က တွန့်ချိတ်ထားသည် ။
မနက်ကတင် အကောင်းကြီးမလား ? အလုပ်များပင်ပန်းလို့လား ? ညနေတော့ စိတ်ပြေလက်ပျောက်ဖြစ်အောင် တစ်ခုခုတော့ လုပ်ပေးရမည် 'ဟု ဝန်းရံခ စဉ်းစားထားလိုက်သည် ။

" ဒီမှာ ဒီအပတ်အတွက် ဦးတည် signထိုးရမယ့် စာရွက်တွေပါဗျ "

" Ok ထားခဲ့လိုက် "

အမ် ! တုန်းတိကြီး .. ကိုအချေ တစ်စခန်းပြန်ထလာပြန်ပြီထင်ပါ့ ဒီအတောအတွင်း ရှန်ခနဲ့သူ အတော်ရင်းနှီးနေခဲ့တာလေ ရှန်ခက အရယ်အပြုံးမရှိလျှင်တောင် သူ့နဲ့တွေ့ရင်တော့ ပေါ့ပေါ့ပါးပါး ရှိ‌တာ သူသိသည် ။
ဝန်းရံခတော့ ဒီတိုင်းမသွားချင်သေးတာနဲ့

" အဟမ်း ! ဦးတည် ဒီညနေ ကျွန်တော့်ကို လိုက်ကျွေးမယ်ပြောထားတယ်နော် "

တံတွေးမြိုချပြီးသာပြောလိုက်ရသည် ။ တကယ်တော့ ရှန်ခဒီလိုဖြစ်နေတာမျိုးဆို သူလည်း ကြောက်သည် လေ ..

" ကိုယ် မေ့သွားပြီ "

" ဗျာ ! ဦးတည်နော် လူကြီးဖြစ်ပြီးမညစ်နဲ့ လိုက်ကျွေးမယ်မနေ့ကတည်းကပြောထားပြီးတော့ ဟွန့် ! "

နှာမှုတ်ပြီးပြောလိုက်တော့ ရှန်ခက ထိုကောင်လေးကို မျက်လုံးလှန်ကြည့်လာသည် ။ ဘယ်လိုကလေးတုန်း .. စိတ်တိုနေတာကြောင့် ညစာလိုက်ကျွေးမို့ကို သူမသိချင်ယောင်ဆောင်ထားတာကို ဒီကလေးက ...

The Deception of Love (TDOL) Ongoing Where stories live. Discover now