KING(17)

17.3K 1.3K 30
                                    


KING- 17

“ဝါး...စိမ်းစိုနေတာပဲ King မင်းက ငါ့အကြိုက်ကို တကယ်သိတယ်”

Kaito က ကားနောက်ခန်းကဆင်းလာပြီး မပွင့်တစ်ပွင့်ဖြစ်နေသေးတဲ့မျက်လုံးတွေကို ပွတ်သပ်ရင်းပြောသည်။ နေ့လယ် ၁နာရီစွန်းစွန်းရဲ့ တိမ်းစောင်းနေရောင်ခြည်က အပူတပြင်းရှိနေ၏။ အထက်အညာနဲ့ရင်ချင်းကပ်ဒီဒေသမှာ မန်ကျည်းပင်အုပ်အုပ်တွေကိုလည်း လှည်းလမ်းတစ်ဖက်တစ်ချက်မှာတွေ့ရသည်။ မျက်စိတစ်ဆုံးမက ကျယ်ပြန့်တဲ့ အစိမ်းရောင်စပျစ်ခင်းတန်းတွေက အဏ္ဏဝါဇေယျမွေးဖွားရာမြေ။ တစ်နည်းဆိုရရင် Zaya Group ရဲ့ ပိုင်ဆိုင်မှုတွေ။ ဒီစပျစ်ခင်းတွေကနေပဲ စပျစ်ဝိုင်နဲ့ အချိုရည်ကုန်ကြမ်းတွေအတွက် တစ်နိုင်ငံလုံးနီးပါး မှာယူမှုတွေရှိသည်။

ရှေ့ပြေးခွန်းတောက်တွေမပါဘဲ မင်းစပျစ်ခြံတွေ ငါအခုသွားကြည့်ချင်တယ်ဆိုတော့လည်း မနက်အရုဏ်မတက်ခင်တည်းက လိုက်ပို့သည်။ Kaito ကတော့ ရေမြေအသစ်အဆန်းနဲ့ မြို့ပြအငွေ့အသက်ကင်းဝေးတဲ့နေရာကို သဘောတကျကျ။

ပတ်ဝန်းကျင်ကို ငေးမောနေတဲ့ King ခေါင်းပေါ်ကို လျှာထိုးဦးထုပ်အနက်စွေးစွေး ရောက်လာသည်။ အပူကြောင့် မျက်နှာတစ်ပြင်လုံးနီစပ်စပ်ဖြစ်နေတဲ့ ဂျပန်သားက အဏ္ဏဝါဇေယျကို တတ်သမျှဘာသာစကားပေါင်းစုံနဲ့ဆဲရေးနေ၏။ အဏ္ဏဝါ ဆောင်းပေးသွားတဲ့ ဦးထုပ်ကိုချွတ်ပြီး Kaito ခေါင်းကိုစွပ်ပေးလိုက်မှ ပါးစပ်ပိတ်သွားသည်။ ဒါတောင် အဏ္ဏဝါက သူ့လက်ဖဝါးနှစ်ဖက်နဲ့ King ခေါင်းကို အုပ်မိုးပေးထားသည်။ အချိန်ကြာကြာ ကားစီးလာတာကြောင့် စိတ်လက်မအီမသာနဲ့ အဏ္ဏဝါ့လက်တွေကိုလည်းမဖယ်ဖြစ်။ ရုတ်တရတ်ရောက်ချလာသည့် King တို့ကြောင့် စပျစ်ခြံစောင့်အလုပ်သမားတွေလည်း အလုပ်ရှုပ်သွားကြပုံရသည်။ King တို့တည်းခိုဖို့ သစ်သားလုံးတွေနဲ့ဆောက်ထားသည့် တစ်ထပ်အိမ်လုံးထဲ လူချင်းတိုက်မိမတက် ဝင်ထွက်နေကြ၏။

“ဗိုက်ဆာနေကြပြီမလား။ လာ အထဲဝင်မယ်”

သစ်သားအိမ်လုံးလေးက အပူဓာတ်ကင်းစင်နေသည်။ အိမ်ထဲဝင်လိုက်တာနဲ့ ခုံတန်းရှည်နှစ်ခုအလယ်ရှိ ထမင်းဝိုင်းက အသင့်ဆီးကြိုနေ၏။

KING        Nơi câu chuyện tồn tại. Hãy khám phá bây giờ