FINAL

34.6K 1.3K 58
                                    


Final

Past
၂၀၁၀ခုနှစ်

စိတ်ကဗလာ။ လှုပ်ရှားနေရသမျှတို့က ကျင့်သားရနေသည့်အပြုအမူတို့ကြောင့် အလိုအလျောက်တုန့်ပြန်မိသည့်အတိုင်း။ ဒီနေ့မှပဲ ငါးခူကြော်ကိုအရိုးထုတ်ပြီး ထမင်းဖြူခတ်ထားတဲ့ဇွန်းပေါ်တင်ပေးလာတတ်တဲ့ ကိုရိုးကို ဟန်စစ် မသိချင်ယောင်ဆောင်နေဖြစ်သည်။ ဖေဖေဆုံးတာ တစ်လကျော်ခဲ့ပြီ။ ကိုယ်က လူဖြစ်နေသေးတယ်ဆိုတဲ့အသိနဲ့ စားသောက် အိပ်စက်နေရခြင်းတွေက သံပတ်ပေးထားတဲ့နာရီတစ်လုံးအတိုင်း။ စကားမပြောဖြစ်ပေမယ့် ဒီတစ်လကျော်မှာ ဟန်စစ်နှုတ် ဆိတ်မှုက ပိုမိုမြဲမြံလာခဲ့ရသည်။

“ဟန်စစ်”

ထမင်းစားခြင်းကိုလက်စသပ်လိုက်ပြီး ကိုရိုးနဲ့ မျက်လုံးချင်းဆုံကြည့်ဖြစ်သည်။

“တက္ကသိုလ်တွေဖွင့်နေတာ တစ်လကျော်ပြီ။ ဖေဖော်ဝါရီဆို ကျောင်းအပ်လက်ခံတာတွေပိတ်တော့မယ်လို့ ဥတု ပြောတယ်။ ဘယ်မေဂျာလျှောက်ချင်လဲ”

ဖန်ခွက်ထဲရေမရှိတော့ပေမယ့် ဟန်စစ် မော့သောက်မိသွားသည်။ ဖန်ခွက်ကိုင်ထားမိတဲ့လက်ချောင်းတို့မှာလည်း မလိုအပ်ပါပဲ အားတွေထည့်ထားမိ၏။ ဟန်စစ်လက်ခံတွေ့ဆုံခြင်းမရှိပေမယ့် ဆောင်းဥတုရဲ့ တိုးတိုးတစ်မျိုး၊ ကျယ်ကျယ် သတိစကားတို့ကြောင့် ကိုရိုးပြောလာသည့်ကိစ္စကိုသိပြီးဖြစ်သည်။

“ကျွန်တော် ကျောင်းဆက်မတက်တော့ဘူး ကိုရိုး”

ကိုရိုးပုံစံက အံ့ဩခြင်းမရှိ။ သွေးသားမတော်စပ်ပေမယ့် ဟန်စစ်က သူ့လက်ပေါ်ကြီးလာတဲ့ကလေးဖြစ်တာကြောင့်ပဲ ဟန်စစ်နဲ့ပတ်သက်သမျှ ကြိုတွက်ဆထားပြီးပုံမျိုး။

“ဒါဆို တပ်ထဲဝင်မလား”

ဟန်စစ် ခေါင်းခါပစ်လိုက်သည်။ ဟန်စစ်ကိုယ်ထဲ ဖေဖေ့သွေးတွေစီးဆင်းနေတယ်ဆိုရင်တောင် ဒါက ဖေဖေ့လို လမ်းမျိုးလျှောက်ဖြစ်ဖို့တော့မဟုတ်။ ဘဝမှာ ရွေးချယ်စရာလမ်းက ဒီတစ်ခုပဲကျန်တော့ရင်တောင် ဟန်စစ်ရှောင်လွှဲဖြစ်ဦးမည်။ ဒါကို ဖေဖေလည်း ကောင်းကောင်းသိခဲ့လိမ့်မည်။

KING        Where stories live. Discover now