27 ( Unicode)

13.7K 1.7K 27
                                    

ထန်းဇီယုသည် ချူဝမ်ရိကို အံ့အားတကြီး ကြည့် လိုက်မိသည်။ သူမက သူ့အတွက် ဝင်ပြောပေးလာမယ်လို့ ဘယ်တုန်းကမှ မမျှော်လင့်ထားခဲ့ပေ။

ရွှီစစ်ကျားက မျက်မှောင်ကြုတ်ကာ တင်းတင်းမာမာ ပြောလေသည်။ "အစ််မရွီီ ဒါက ဘာကိုဆိုလိုချင်တာလဲ?"

"အမှန်တိုင်းပြောတာပဲလေ။" ချူဝမ်ရိက အေးအေးဆေးဆေးပဲ ပြန်ပြောလာသည်။ " မင်းကိုယ့်ကိုကိုယ်ကို လှဲချလိုက်ပြီး သရုပ်ဆောင်နေတာလေ။ မင်းက အရမ်းတော်တာပဲ။ ရိုက်​ကူး​နေချိန်​ကြရင် တော့ မင်းဒီလောက် သရုပ်ဆောင်ကောင်းနေတာကို ဘာလို့ငါမမြင်ရတာလဲ?"

"အစ်မချူ ၊ ဒီလိုပြောလို့ အစ်မအတွက်ကောင်းတာမရှိဘူးလေ။ ကျွန်မလည်း အစ်မကို အပြစ်မလုပ်ထားဖူးဘူး။ ထန်းဇီယုကို ကာကွယ်ဖို့ ဒီလောက် ထိ ပက်ပက်စက်စက်ပြောစရာ မလိုပါဘူး" ရွှီစစ်ကျား ခနဲ့လိုက်တော့

ချူဝမ်ရိသရော်လိုက်သည်။ "မြေခွေးတွေအားလုံးက နှစ်ထောင်ပေါင်းများစွာ သက်တမ်းရှိကြတယ်။ မင်ကဘာလို့ ဒီမှာဖြူစင်ချင်ယောင်ဟန်ဆောင်နေတာလဲ? ငါတော့ မင်းရဲ့လှည့်ကွက်လေးလိုမျိုးကို နှစ်ပေါင်း ရှစ်ရာအတွင်းတစ်ခါမှမမြင်ဖူးဘူး။ ကိုယ့်ကိုကိုယ် သရုပ်ဆောင်ပီပြင်တယ်လို့ထင်နေတာတော့မဟုတ်ပါဘူးနော်"

သူမသည် ဖြည်းဖြည်းချင်းထလာပြီး ရွှီစစ်ကျားဆီသို့ လျှောက်လာသည်။ သူမ မတုံ့ပြန်ခင်မှာပင် ရုတ်တရက် တွန်းထုတ်လိုက်သည်။

ရွှီစစ်ကျား နောက်ကိုယိုင်သွားပြီးဒေါသတကြီးနဲ့ အော်ပြောလိုက်သည်။ "ဒါက ဘာအတွက်လဲ?"

ချူဝမ်ရိက တခစ်ခစ်ရယ်ရင်းပြောလာသည်။ "ငါ မင်းကို မင်းလုံးဝမထင်မှတ်ထားတဲ့အချိန်မှာတွန်းလိုက်တာလေ။ အခုမင်းရပ်နေနိုင်တာပဲမဟုတ်ဘူးလား?"

"ထန်းဇီယုက မင်းကို ငါ့လောက် တွန်းခဲ့လို့လား? မဟုတ်ဘူးလေ၊ ပြီးတော့ မင်းတို့မှာဒီလို တွန်းတွန်းတိုက်တိုက် လုပ်ရတာတွေပါတာပဲလေ ၊ မင်းက ငတုံးလဲမဟုတ်ဘူး။ သေချာပေါက် မသိစိတ်က သတိထားမိနေမှာဘဲ။ ဒါပဲလေ။ ငါ မင်းကို တွန်းလိုက်တုန်းက မင်း လဲမကျဘူး။ ထန်းဇီယုမင်းကို တွန်းလိုက်တော့ကြ မင်းက ဒီလောက်ကျွမ်းပစ်ပြီး​တောင်လဲကျသွားတယ် ။ မင်းကတုံးအတာလား ဒါမှမဟုတ် မင်းမှာ မကြီးထွားသေးတဲ့ ခြေတွေလက်တွေရှိနေသေးတာလား?

ပြန်လည်မွေးဖွားပြီးနောက် အနုပညာလောကမှာနာမည်ကြီးလာတယ်Where stories live. Discover now