38( Unicode )

11.7K 1.5K 71
                                    

နောက်ဆုံးတော့ ဧပြီလတွင် 'Spring Festival' ဒရာမာ ထွက်ရှိလာတော့သည်။

ဒရာမာရဲ့ နမူနာသည် ကြာချိန် တစ်မိနစ်ခွဲမျှသာရှိလေသည် ၊ သို့သော် အနက်ရောင်ဖန်သားပြင် ပေါ်လာပြီး လူတိုင်းက နမူနာအဆုံးသတ်ပြီးသွားပြီး ထင်ထားသော်လည်း ၊ ထန်းဇီယု၏ အနည်းငယ် အေးစက်သောအသံက ဖြည်းဖြည်းချင်းပေါ်လာသည် "မင်းကဘယ်သူလဲ?"

အနက်ရောင်ဖန်သားပြင် ပျောက်ကွယ်သွားပြီးနောက် ချက်ခြင်းတွင်၊ လရောင်သည် အခန်းအတွင်း ဖြတ်သွားကာ ကုကျိုစစ်ရဲ့ အသွင်အပြင်ကိုပိုတောက်ပသွားစေသည်။ သူ့အသံသည် မကောင်းဆိုးဝါး ၏ ဆွဲဆောင်မှုနှင့် သွေးဆောင်မှုအပြည့်ရှိနေပြီး သူသည် သူ့ရှေ့ကလူငယ်ကို ကြည့်လိုက်ရင်း သူ့လက်ကို ကောင်လေး၏ နှလုံးသားပေါ်သို့ တင်လိုက်ကာ တိုးတိုးလေးပြောလိုက်သည်။ "ငါက မင်းရဲ့အချစ်၊ အမုန်း၊ ဆန္ဒ၊ ဒေါသနဲ့ ရူးသွပ်မှုပဲ။"

ထန်းဇီယုက ထိတ်လန့်နေသလိုမျိုး သူ့ကိုကြည့်နေခဲ့၏။

ထိုအချိန်တွင် ဇာတ်ကားနမူနာသည် နောက်ခံစကားတစ်ချို့ကပေါ်လာလေသည်- ရင်းနှီးစွာ အထူးဖိတ်ကြားထားခြင်း-ကုကျိုစစ်။

အဖွဲ့သားတွေက ဒီလောက် တင်းတင်းကျပ်ကျပ် ဖုံးကွယ်ထားမယ်လို့ လူတိုင်းက မထင်ထားခဲ့ကြပါ။ ရှန်းချီခွန်ရဲ့ ပရိသတ်များ အံ့အားသင့်သွား ကြပြီး ကုကျိုစစ်ရဲ့ ပရိသတ်များလည်း အံ့အားသင့်သွားကြသည်။ ထန်းဇီယု ပရိသတ်များပင် အံ့အားသင့်ခဲ့ကြလေသည်။

ချက်ခြင်းပင်၊ အင်တာနက်တစ်ခုလုံး ဆူပွက်သွားတော့သည်။

ရှန်းချီခွန် နဲ့ ကုကျိုစစ်က သဘောထားကွဲလွဲနေတာမဟုတ်ဘူးလား? ကုကျိုစစ်က ဘာလို့ သူ့အတွက် ဧည့်သည်သရုပ်ဆောင်ရိုက်ပေးရတာလဲ?"

"ရင်းနှီးစွာ အထူးဖိတ်ကြားခြင်းဟားဟားဟားဟား၊ အဖွဲ့သားတွေလည်း ရှင်သန်လိုစိတ် ပြင်းပြနေကြတာပဲ။ ဒါက ရင်းနှီးတဲ့ဖိတ်ကြားချက်လားဒါမှမဟုတ် အထူးဖိတ်ကြားချက်လား? သူက ဒီကိုလာတာနဲ့ ရင်းနှီးတဲ့အထူးဖိတ်ကြားချက်တစ်ခု ရခဲ့တယ်ပေါ့။"

ပြန်လည်မွေးဖွားပြီးနောက် အနုပညာလောကမှာနာမည်ကြီးလာတယ်Where stories live. Discover now