Extra 2 :Past Life

12.2K 1.5K 37
                                    

Unicode

ကုကျိုရှင်းသည် သူ့မျက်လုံးများမှ မျက်ရည်များကိုမြင်တော့ သူ့အား ဖြည်းညှင်းစွာ ပွေ့ဖက်လိုက်သည်။ "ဒါ မင်းအပြစ်မဟုတ်ပါဘူး။ အဲဒါ မင်းအပြစ်မဟုတ်ပါဘူး။ မတော်တဆဖြစ်မှုကို ဘယ်သူကမှ ခန့်မှန်းလို့ မရပါဘူး။ မင်းကသာမန်လူပဲ။မမျှော် လင့်ထားတဲ့ အသက် ဒါမှမဟုတ် သေခြင်းတရား ကို မင်းမထိန်းချုပ်နိုင်ဘူး၊ ဒါကြောင့် ရှောင်ကျို မင်းအပြစ်မဟုတ်ပါဘူး။"

သို့သော် ကုကျိုစစ်က နားမထောင်ပါ။ သူသာ ထန်းဇီယုအား စောစောစီးစီး ကြိုက်တယ်လို့ ပြောခဲ့မယ် ဆိုရင် ဒီလိုမျိုး လုံးဝဖြစ်မလာဘူးဆိုတာ သူသိနေတယ်။ ထန်းဇီယု မတော်တဆဖြစ်မည်မဟုတ်ပေ။

သူက အရမ်းငယ်သေးတယ် ။ သူ(TZY)ကသူ့ကိုအရမ်းချစ်တာလေ ။ ဘယ်လိုလုပ် သူလိုချင်တဲ့ အချစ်ကို မရသေးခင် ဒီအတိုင်း သူ့ကို ထားခဲ့နိုင်မှာလဲ?

သူ ထန်းဇီယုကို အမုန်းဆုံးအချိန်မှာတောင်မှ သူ့ကို အပြစ်တင်ရုံလေးပါပဲ။ တကယ်မမုန်းခဲ့ပါ သူ့ကို ဒီလိုအဆုံးသတ်ဖို့ သူတကယ်ဆန္ဒမရှိခဲ့တာပါ။

ထန်းဇီယုထွက်သွားပြီး သူ့ဘဝကို ဒီလိုမြန်မြန် အဆုံးသတ်သွားတာကို သူလက်မခံနိုင်ဘူး။

သူလက်မခံနိုင်သလို ခံနိုင်ရည်လဲ မရှိဘူး။

ကုကျိုစစ် တစ်ညလုံး သူ့မျက်လုံးတွေကို မမှိတ် ထားခဲ့။ သူဟာ သူ့ဘေးမှာ ငြိမ်ငြိမ်လေးထိုင်ပြီး သူ့ကို တိတ်တိတ်လေး ကြည့်နေခဲ့သည်။

ကုကျိုရှင်းသည် နာရီအနည်းငယ်မျှသာအိပ်ပျော် သွားသည်။ သူနိုးလာသောအခါတွင် သူရဲ့ညီဖြစ်သူသည် ထန်းဇီယုအလောင်းကို ယခင်ကဲ့သို့ ကြည့်ရှုနေဆဲဖြစ်သည်ကို သူမြင်လိုက်ရသည်။

သူ့ပုခုံးတွေကိုသူ နှိပ်လိုက်ပြီး အလုပ်များတဲ့နေ့ကို စတင်လိုက်ရတော့သည်။

ထန်းဇီယုအား ကုကျိုစစ်ရဲ့ စိတ်အားထက်သန်မှု၊ ချစ်ခြင်းမေတ္တာနှင့်အတူ မီးသဂြိုလ်ခဲ့သည်။

ထိုနေ့ကစပြီး သူသည် တိတ်ဆိတ်သွားတော့သည်။

စာချုပ်နှင့်အညီ ၊ သူသည်ရုပ်ရှင်ရဲ့နောက်ဆုံးအပိုင်းကိုရိုက်ကူးပြီးနောက်အနားယူရန် ချင်းကောကိုတောင်းဆိုလိုက်သည်။

ပြန်လည်မွေးဖွားပြီးနောက် အနုပညာလောကမှာနာမည်ကြီးလာတယ်Donde viven las historias. Descúbrelo ahora