Episode 2

719 66 4
                                    

[ Unicode ]

ချယ်ယောင်းအသက် ၁၅နှစ် ရူဘီဂျိန်းအသက် ၂၂နှစ်..အလုပ်ဝင်နေပြီဖြစ်တဲ့ရူဘီ့ကိုချယ်ယောင်းအရင်ကလောက်မတွေ့ရတော့..ရူဘီဂျိန်းရည်းစားထားခဲ့တဲ့ကာလတွေမှာချယ်ယောင်းကရူဘီဂျိန်းကိုရှောင်နေခဲ့တာဖြစ်ပြီး ရူဘီဂျိန်းရည်းစားနဲ့ပြတ်သွားတဲ့ကာလတွေမှာတော့ ဆယ်ကျော်သက်ပီပီသူငယ်ချင်းတွေနဲ့သာအချိန်ဖြုန်းနေတတ်တာမို့ ရူဘီနဲ့ချယ်ယောင်းဟာတစ်စထက်တစ်စပိုဝေးကွာလာရတာပဲ..

ဒါပေမယ့်အလုပ်ကပြန်ရောက်တိုင်းရူဘီကချယ်ယောင်းအိမ်ကိုရောက်လာလေ့ရှိပြီး ရူဘီရောက်တဲ့အထိချယ်ယောင်းအိမ်ပြန်မလာသေးရင်တော့မေမေနဲ့အိမ်ပြန်ရောက်နေပြီဖြစ်တဲ့မမအဲလစ်ဆီကအဆူခံရသည် ဖေဖေကတော့သတင်းစာဖတ်ရင်းအေးဆေးသာနေသည်

ဒီရက်ပိုင်းရူဘီဂျိန်းချယ်ယောင်းကိုကြည့်တဲ့အကြည့်တွေထဲမူမမှန်တာတွေကိုခံစားရတယ် ကြည့်ပုံကြည့်နည်းပြောင်းလဲသွားသလိုပဲချယ်ယောင်းပဲစိတ်ထင်နေတာများလား..ရူဘီဂျိန်းချယ်ယောင်းအရွယ်တုံးက ချယ်ယောင်းဝင်ပြီးနှောက်ယှက်သမျှဟာ အခုချယ်ယောင်းအလှည့်ကျရူဘီဂျိန်းကအကုန်လုံးကိုပြန်လက်စားချေနေသယောင်ယောင်ရှိသည်

အရပ်ရှည်ရှည်ပိန်ပိန်သွယ်သွယ်နဲ့ ပန်းနုရောင်ဆံပင်ကြောင့်ချယ်ယောင်းဟာကျောင်းမှာရေပန်းစားတဲ့မိန်းကလေးတွေထဲကတစ်ယောက်မို့ ပါတီတိုင်းကိုအဖိတ်ခံရသော်လဲ ရူဘီဂျိန်းကသွားခွင့်မပြုပါ ရူဘီဂျိန်းတုံးကလိုမျိုး ကောင်လေးတွေချယ်ယောင်းအိမ်ရှေ့ရစ်သီရစ်သီလာလုပ်တဲ့အခါရူဘီဂျိန်းကမဆီမဆိုင်အိမ်ရှေ့ထွက်ကာ ထိုကောင်လေးတွေကဆူတတ်သေးသည်

တစ်နှစ်ထက်တစ်နှစ်ပိုပြီးရင့်ကျက်လာတဲ့အလှတရားနဲ့ရူဘီဂျိန်းဟာသောမတ်ပြီးကတည်းကရည်းစားထပ်မထားသလို တည်ငြိမ်တဲ့ဂျန်းနီရူဘီဂျိန်းကင်မ်ဟာလဲ ချယ်ယောင်းရှေ့ရောက်ရင် ရောက်ယက်ခက်နေတတ်သည်

ချယ်ယောင်းဂါဝန်အတိုဘောင်းဘီအတိုလေးတွေဝတ်တဲ့အခါရူဘီက သူရဲ့အကျၤီလက်ရှည်တစ်ထည်ယူလာပြီးခါးမှာစည်းပေးတတ်တယ် ချယ်ယောင်းခါးတိုလေးတွေဝတ်ရင်လဲရူဘီဂျိန်းကမကြိုက်ပြန်ဘူး ဘောင်းဘီရှည်အကျၤီရှည်နဲ့နေတဲ့အခါမျိုးမှာဆိုရင်ရူဘီဂျိန်းမျက်နှာကခပ်ပြုံးပြုံးပါပဲ

Just me and you [ Complete ] Место, где живут истории. Откройте их для себя