Episode 5 [ Final ]

1.2K 76 9
                                    

[ Unicode ]

ချယ်ယောင်းရဲ့ ၁၇နှစ်ပြည့်မွေးနေ့ပွဲအပြီးမှာ ရူဘီရဲ့ခရီးအတူထွက်ရအောင်ဆိုတဲ့စကားကြောင့် ချယ်ယောင်းရူဘီ့ရဲ့ကားပေါ်မှာ ရူဘီ့လက်ကိုဆုပ်ကိုင်လို့ရူဘီ့ကိုမှီရင်းလိုက်ပါလာခဲ့ပါတယ် တစ်ဖြည်းဖြည်းမြင်နေရတဲ့ပင်လယ်ကြောင့် ရူဘီနဲ့အတူပင်လယ်ဆီသွားခြင်တယ်ဆိုတဲ့ ချယ်ယောင်းရဲ့စကားကိုရူဘီကမှတ်ထားဟန်..

ကားရပ်ရပ်ခြင်းမှာပဲ ချယ်ယောင်းရူဘီ့နှုတ်ခမ်းကိုနမ်းရင်း ကားတံခါးကိုမြန်မြန်ဖွင့်လို့ဆင်းပြေးတယ် ရူဘီကတော့ခုန်ပေါက်နေတဲ့ချယ်ယောင်းကိုပြုံးရင်းဖြင့်သာငေးကြည့်နေပါတယ်

" အဲ့လောက်တောင်သဘောကျတာလားပင်လယ်ကို "

ပင်လယ်လှိုင်းလုံးတွေနဲ့ပြေးဆော့အပြီးမှာဂျန်းနီနားရောက်လာတဲ့ ယောင်းကိုမေးတော့ ယောင်းကဂျန်းနီလည်တိုင်တွေကိုလက်ဖြင့်ရစ်ပတ်ရင်း

" အင်းသဘောကျတယ် ဒါပေမယ့်ရူဘီ့ကိုပိုသဘောကျတယ် "

နှုတ်ခမ်းတွေရဲ့စိုစွတ်မှု့နဲ့အတူရင်ဟာလဲခပ်ငြိမ့်ငြိမ့်လေးခုန်နေခဲ့ပါတယ်..။

.....

တစ်နေကုန် အခန်းကျယ်ကြီးထဲရူဘီနဲ့ချယ်ယောင်းနဲ့မုန့်စားလိုက် တစ်ယောက်နဲ့တစ်ယောက်စလိုက်ရယ်လိုက်လုပ်ရင်းနဲ့ပဲအချိန်ကုန်ခဲ့ပေမယ့် ညနေကြပြသာနာစတက်တော့တာပဲ ရူဘီကလဲချယ်ယောင်းကိုဘီကီနီမဝတ်စေခြင်သလို ချယ်ယောင်းကလဲရူဘီ့ကိုဘီကီနီမဝတ်စေခြင်တာကြောင့်ပင် နောက်ဆုံးနှစ်ယောက်စလုံးတိုင်ပင်ပြီး ရေကူးဝတ်စုံအရှည်တွေကိုသာဝတ်ခဲ့ရပါတော့တယ်

ရေစိုနေတဲ့ရူဘီက ကမ်ဘာပေါ်မှာဆွဲဆောင်မှု့အရှိဆုံးဆိုတာသိကြလား သိမှာတော့မဟုတ်ပါဘူး ဘာလို့ဆိုချယ်ယောင်းပဲမြင်ဖူးတာမလို့လေ ချယ်ယောင်းပဲမြင်ဖူးတာမလို့..ပြုံးရယ်လို့ ရေနဲ့ပက်ရင်းချယ်ယောင်းကိုလှမ်းစနေတဲ့ရူဘီ့ကို ချယ်ယောင်းခါးကကိုင်လို့ဆွဲမလိုက်ကာ ရေထဲကိုအသာပဲပစ်ချလိုက်တယ်

မကျေနပ်တဲ့ရူဘီက ချယ်ယောင်းကိုဆွဲဖက်ရင်းရေထဲကိုတစ်ဖန်ပြန်လဲှချတယ် ပြီးတော့ချယ်ယောင်းကိုနမ်းတယ် ရေတစ်စက်မဝင်ရောက်နိုင်တဲ့အထိ ရူဘီကချယ်ယောင်းကိုမက်မက်မောမောနမ်းရှိုက်တယ် ပြီးတော့တစ်ဖန်ပြန်ပြီီးချယ်ယောင်းကိုရေထဲကိုတွန်းတယ် ချယ်ယောင်းထလာတဲ့အချိန် ရူဘီကအော်လို့ထွက်ပြေးတယ် ၂၄နှစ်အရွယ်ရူဘီဂျိန်းဟာ ၅နှစ်အရွယ်ကလေးလေးလိုမျိုးတစ်အားကိုချစ်ဖို့ကောင်းနေပါတယ်..။

Just me and you [ Complete ] Tempat cerita menjadi hidup. Temukan sekarang