Episode 4

733 63 2
                                    

[ Unicode ]

ချယ်ယောင်းနဲ့ရူဘီရည်းစားဖြစ်ပြီးကတည်းက ရူဘီကချယ်ယောင်းနောက်ကိုတောက်တဲ့တစ်ကောင်လိုမျိုးအမြဲလိုက်ကပ်နေတတ်တော့တာ တစ်ခါတစ်လေဆိုချယ်ယောင်းပေါင်ပေါ်အိပ်ရင်းချယ်ယောင်းဗိုက်တွေဆီမျက်နှာအပ်ထားပြီး အင်းဆိုသည့်မည်သံအရှည်ကြီးဆွဲပြီးအပျင်းကြီးနေတော့တာပဲ

ရူဘီနဲ့ချယ်ယောင်းတွဲနေမှန်းနှစ်ဖက်မိဘတွေသိသွားကြတဲ့အခါ တစ်ပတ်လောက်ကြာတဲ့အထိကန့်ကွက်ကြပေမယ့် နောက်ပိုင်းတော့သဲသဲကဲကဲရူဘီ့ကိုဘယ်သူမှမနိုင်တော့ဟန် အကုန်ခွင့်ပြုပေးထားရတော့တာပဲ ရူဘီဟာလူဆိုးမပါပဲ

ပိတ်ရက်တွေမှာဆိုရူဘီနဲ့ချယ်ယောင်းမုန့်တွေအတူတူလုပ်ပြီး အိမ်စားမယ့်လောက်ပဲချန်ပြီး ကျန်တဲ့မုန့်တွေကို လမ်းထဲကလေးတွေကိုပေးတတ်တာမို့ အခုဆိုကလေးတွေကပိတ်ရက်ရောက်တို်င်းချယ်ယောင်းတို့မြင်ရင်ကို တစ်ဟေးဟေးအော်ပြီးအနားကိုစုပြီးရောက်ချလာတတ်တယ်

ဒီနေ့တော့အလုပ်ပျက်ရက်တွေများနေပြီဖြစ်တဲ့ရူဘီဂျိန်းကိုအလုပ်သွားဖို့ရာချယ်ယောင်းမနည်းဖြောင့်ဖြလိုက်ရတယ် ဒါမှလဲစာအေးဆေးလုပ်နိုင်မှာမလား..မဟုတ်ရင်ကျောင်းရှေ့ကားကိုမှီရင်းတစ်နေကုန်ရပ်စောင့်နေတတ်တဲ့ရူဘီ့ကိုချယ်ယောင်းစိတ်မချဘူး နဂိုကတည်းကချယ်ယောင်းရဲ့ရည်းစားကိုလုခြင်သူကခပ်များများမလား ..

စာမေးပွဲနီးပြီမို့ ချယ်ယောင်းတို့မှာအားလပ်ချိန်ရယ်လို့်သိပ်မရှိသလောက်ပဲ ဒါပေမယ်လဲနဂိုကတည်းကဉာဏ်ကောင်းတဲ့ချယ်ယောင်းက စာလုပ်နေရင်းနဲ့လဲရူဘီနဲ့ဖုန်းပြောပြီးတီတီတာတာတွေတော့ပြောနေနိုင်ပါသေးတယ် ဒီနေ့တော့ရီနာနဲ့ချယ်ယောင်းတိုင်ပင်ပြီး ကျောင်းဆင်းချိန်အိမ်တန်းမပြန်ပဲ ကဖေးဆိုင်တစ်ခုမှာစာလုပ်ဖို့ဆုံးဖြတ်တယ် ချယ်ယောင်းတို့စာလုပ်ပြီးချိန်နဲ့ဂျန်းနီရူဘီဂျိန်းအလုပ်ဆင်းချိန်နဲ့ကွက်တိပဲမို့ ရူဘီ့ကိုလာကြိုဖို့ရာဖုန်းဆက်ရတယ်

" အချစ်ရယ် လွမ်းလှပြီကွယ် "

စပီကာဖွင့်ထားတာမို့ရူဘီရဲ့ခပ်ချွဲချွဲစကားသံကြောင့် ရီနာကအော့အော့ဆိုသည့်ပုံစံမျိုးလုပ်ပြကာ ချယ်ယောင်းကိုစနေသည်

Just me and you [ Complete ] Where stories live. Discover now