Episode 3

728 63 1
                                    

[ Unicode ]

" ချယ်..ရူဘီ့ကိုသဘောကျတယ် အိမ်နီးနားခြင်းအစ်မတစ်ယောက်ဆိုတာထက်ပိုပြီးလေ "

ဂျန်းနီရဲ့အသက်ပင်ဝအောင်မရှုနိုင် ဆုပ်ကိုင်ထားဆဲ ယောင်းရဲ့လက်ကိုနှုတ်ခမ်းမှာဖိကပ်မပစ်လိုက်ဖို့ရာသတိပေးနေရသည် ယောင်းရဲ့ဖန်ပုလင်းလိုတောက်ပနေတဲ့မျက်ဝန်းတွေထဲအရိုင်းဆန်ခြင်းအနည်းငယ်ကိုတွေ့ရတယ် ယောင်းရဲ့နှုတ်ခမ်းဆီအကြည့်ရောက်သွားချိန်မှာ ရရှိနေတဲ့အယ်ကိုဟောအနံ့ကြောင့် ဂျန်းနီရဲ့တဇွတ်ထိုးဆန်ခြင်တဲ့စိတ်တွေကိုချိုးနှိမ်ထားရတယ်

" ယောင်းနဲ့အတူဒီအတိုင်းလေးပဲဆက်နေခြင်တယ် ဒီအတိုင်းလေးပဲ "

ယောင်းကဂျန်းနီရဲ့စကားကြားတော့ ထိုင်နေရာကနေထရပ်လို့ ငွေရောင်ဆံပင်တွေကိုသပ်တင်းရင်း လွင့်ပျယ်နေတဲ့စိတ်အစဉ်ကိုသေချာပြန်စုစည်းနေဟန်..ပြီးတော့ဂျန်းနီဘက်လှည့်လို့ဂျန်းနီရဲ့မျက်ဝန်းတွေထဲစူးစိုက်ကြည့်တယ် ပြီးတော့ချက်ချင်းပဲအခန်းထဲကထွက်သွားတယ်

ဂျန်းနီအသက်ကိုဖြေးညင်းစွာရှုလို့ဖြစ်ခဲ့တာတွေကိုသေချာပြန်စဉ်းစားရတယ်..

ပတ်ခ်ချယ်ယောင်း..ဂျန်းနီဘုရားသခင်ထံကလက်ဆောင်ရရှိခဲ့တဲ့လက်ဆောင်လှလှလေး..၁၃နှစ်အရွယ်ကတည်းကစသိပြီးခင်မင်ခဲ့ရတဲ့ဒီကလေးကိုဂျန်းနီတစ်ကယ်ပဲသံယောဇဉ်တွယ်ရပါတယ် စတွေ့ကတည်းကစွာတေးလေးယောင်းဟာ ဂျန်းနီရဲ့အထီးကျန်နေတဲ့ဘဝကိုမပျင်းရအောင်ဖြည့်ဆည်းပေးခဲ့တယ်

ဂျန်းနီ ၁၅နှစ်အရွယ် အထက်တန်းစတက်ချိန်ကစလို့ဂျန်းနီချယ်ယောင်းကိုသိပ်အချိန်မပေးဖြစ်တော့ပေမယ့် ဂျန်းနီစိတ်ထဲတော့ပန်းလှလှလေးတစ်ပွင့်ကအမြဲစိုးမိုးထားဆဲပါပဲ.. ပါတီကပြန်လာတဲ့ညတွေမှာဆိုဂျန်းနီယောင်းရဲ့အခန်းကိုအမြဲလှမ်းကြည့်ဖြစ်တယ် ဂျန်းနီလက်ကိုဆွဲလို့ ဒိတ်ဖို့လာခေါ်တဲ့သူငယ်ချင်းကိုရန်လုပ်နေတဲ့ချယ်ယောင်းဟာ ဂျန်းနီအတွက်တော့အဆုံးထိဖက်တွယ်ထားခြင်မိတဲ့ပန်းလှလှလေးပါပဲ

မှတ်မိသလောက် ချယ်ယောင်းအသက် ၁၀ကျော်လောက်ကတည်းက ဂျန်းနီအိမ်ကိုသိပ်အလည်မလာတော့ အားလပ်ချိန်တိုင်းဆယ်ရီနာနဲ့အတူအပြင်ထွက်ထွက်သွားတတ်တဲ့ယောင်းကိုသာ ဂျန်းနီငေးနေခဲ့ပါတယ်

Just me and you [ Complete ] Tempat cerita menjadi hidup. Temukan sekarang