Uni ⚜️
__________
_နာကျင်စရာတွေပြည့်နက်နေတဲ့ ဘဝမှာ
မောင်ဆိုတဲ့ လူသားကို ပျော်ရွှင်မှု အထင်နဲ့
ဆုပ်ကိုင်လိုက်သော်ငြား ပြန်ရလိုက်သည်မှာ
ဒဏ်ရာ များသာပင်ဖြစ်လေသည်။___________
" ဒါက မဖြစ်သင့်ဘူးလေ !"
"ဘာလို့လည်း ဘာလို့မဖြစ်သင့်ရတာ "
မျက်ခုံးတစ်ဖက်ပင့်ကာ ပြောလာတဲ့ မောင့်ကို စိတ်ရှိလက်ရှိထုရိုက်ပစ်ချင်စိတ်တွေ ရိပေါ် ထိန်းချုပ်ထားရသည်။
ဟိုအရင်ကသူတို့ နှစ်ယောက် လက်ထပ်ပြီးရင် နေဖို့ လုပ်ထားတဲ့ အမြဲ ပိတ်ထားတဲ့အခန်း ကို မောင်ဟာ daisy ဆိုသည့် အမျိုးသမီးအား ပေးအိပ်ပါသည်တဲ့
မောင်ဟာ ထို အခန်းထဲ ရိပေါ် မဝင်ရအောင်အမြဲ သော့ခတ်ပြီးကာမှ ထို အမျိုးသမီးကိုတော့ !" မောင်သိရဲ့သားနဲ့ အဲ့အခန်းက "
"ဘာတွေ sensitive ဖြစ်နေရတာလည်း ဒီအတိုင်း အိပ်ခန်းလေးဘဲဟာ ကို "
"မရဘူးလေ မရဘူးမောင်ရဲ့ "
ရှောင်ကျန့်က ရိပေါ် ဒေါသထွက်သထွက်နေတာကို မျက်နှာသေတွေနဲ့ ကြည့်နေသည်မှာ
တစ်ကယ်ကြီးကို မထိတထိ နိုင်လွန်းလှသည်။
ရှောင်ကျန့်သည် နဘေးက စားပွဲပေါ် က ရေခရားကိုယူကာ ဖန်ခွက်ထဲ ရေတစ်ကျိုက်ငှဲ့လို့
မွေ့ယာပေါ်ထိုင်ရင်း အေးအေးလူလူ လုပ်နေသေးသည်။" ဒီမှာမောင်ရှောင်အိမ်တော်က အိပ်ခန်းတွေ မလောက်လို့လို့ လိမ်အုံးမလား "
" ငါလုပ်ချင်တာ လုပ်မှာဘဲ !!"
"မရဘူး !"
"ဒါဆို မင်းနဲ့ ဟိုကောင်နဲ့ အတူအိပ်တာကြရတယ်ပေါ့ အဟက် !"
"မောင်!!!!!"
ရှောင့်ကျန့် မျက်နှာထက် နေရာယူသွားသော ရေအေးအေးတွေဟာ ရိပေါ့် ဒေါသတွေရဲ့လောင်စာ နီရဲနေသော မျက်နှာနုနုလေးထက် အကျည်းတန်တဲ့ မျက်ရည်စီးကြောင်းနှစ်ခုဟာ ခပ်သာသာ နေရာယူသွားပြီးနောက်
ရေတွေစိုရွဲနေတဲ့ မောင့်ကို နာကျည်းစွာကြည့်ပြီး ရိပေါ် ထိုအခန်းက ပြေးထွက်ခဲ့တော့သည်။
![](https://img.wattpad.com/cover/290277266-288-k490438.jpg)
YOU ARE READING
PAIN..(Complete)
Fanfiction- Painfulness meaning is Darling - _️ နာကျင်မှု ရဲ့ အဓိပ္ပာယ်က မောင်ပါတဲ့ _ _ နာက်င္မႈ ရဲ့ အဓိပ္ပာယ်က မောင်ပါတဲ့ _ Zsww (Zhanyi fan fiction) Drama .. Start date -Nov.1.11.2021 End date -Apirl.24.4.2022 @Kyar_Nge