Uni ⚜️
________
_ တစ်ခါတစ်လေတော့ မောင့်နှုတ်ခမ်းပါးထက်က cigarettes တိုတွေဖြစ်ခွင့်ရချင်တယ်မောင် _
_________________
*ကျန့်ကျန့် *
*မားမားက မလာပြန်ဘူး *sob* *
မီးကုန်သွားတဲ့ဖယောင်းတိုင်လှလှတွေရယ်
အထီးကျန်တဲ့ ထိုမွေးနေ့မှာ ကိတ်မုန့်လှလှလေး လှီးဖို့ သားငယ်၏ လက်တွေအုပ်မိုးပေးမယ်လက်တွေမှာ ဖခင်ကလွဲလို့ မိခင်ဆီက အနွေးဓာတ်တွေ ပြောက်ဆုံးနေခဲ့သည်။မွေ့နေ့တိုင်းမှာ မာမား ရှိမနေခဲ့ဘူး
မျက်ရည်တွေနဲ့ ထို ကလေးငယ်ရဲ့ နုနယ်တဲ့
နှလုံးသားငယ်ကို လိုချင်တဲ့ပုံစံ သွင်းဖို့ သိပ်ကိုလွယ်ကူခဲ့တဲ့အခါ
ရှောင်ကျန့်ဆိုတာ သူ့ဖခင်ရဲ့ သနားစရာ နယ်ရုပ်လေး ဖြစ်လာရသည်။"မားမား မရှိလည်း ပါးပါးရှိတယ်လေ ကျန့်ကျန့်ရဲ့ "
"အွင့် ပါးပါးက အကောင်းဆုံးဘဲ "
ထိုကြေကွဲစရာ မွေးနေ့တွေတိုင်း
ရှောင်ကျန့် နားခိုရာ ဟာ ဖခင်ရင်ခွင်ဖြစ်သလို
မျက်ရည်စက်တို့ ခ ရာဟာလည်း ထိုရင်ခွင်၌
မွေးနေ့တွေတိုင်း မားမားမလာတာ မဟုတ်ပါဘူး မားမားကအမြဲ မအားနေတာလေဒါပေမယ့် ရှောင်ကျန့် စိတ်မဆိုးရက်ခဲ့ဘူး
ကျန်းမာရေးကြောင့် အိမ်ကနေဘဲ ရုံးကိစ္စတွေ ဆီစစ် နိုင်တဲ့ ပါးပါးကြောင့် မားမားဟာ အမြဲအလုပ်မှာ ကြိုးစားနေခဲ့ရလို့ ရှောင်ကျန့်
မားမားကို အပြစ်မတင်ရက်နိုင်ခဲ့ပါ။*ကျန့်ကျန့် အဲ့ ဝမ်ရိပေါ်ဆိုတဲ့ ကောင်လေးနဲ့ အရောတဝင်မနေနဲ့ ပါးပါး မကြိုက်ဘူး *
*အင်းပါ ပါးပါးရယ် သူကစိတ်ထားကောင်းတဲ့ ကောင်လေးပါ ဒါပေမယ့် ပါးပါးက မကြိုက်ဘူးဆိုတော့လည်း သား သူနဲ့ မနေတော့ဘူး ဟုတ်ပြီလား *
*ပါးပါး ရဲ့ ကျန့်ကျန့် က အလိမ္မာဆုံးဘဲ*
ခြေထောက်တွေ နှိပ်ပေးနေရင်း
ချစ်ရတဲ့ဖခင်အလိုကြဆိုတော့ ဆံပင်တွေကြား လက်ထိုးဖွရင်း ပြောနေတဲ့ ချစ်သောဖခင်ဟာ ကျေနပ်နေဟန်
ဒီတော့ အသက်နဲ့ ရှောင်ကျန့် ဝေးလေရောပေါ့
ထိုကောင်လေးကို သဘောကျနေပါရဲ့သားနဲ့
အမြဲ ရန်လိုသလို ဟန်ဆောင်နေခဲ့ပေမယ့်
အပြုံးမပျက်တဲ့ အသက်ရယ် ခံစားချက်တွေ မထိန်းနိုင်တဲ့ ရှောင်ကျန့်ရယ်ကြောင့်
နောက်ဆုံးတော့လည်း ချထားတဲ့စည်းတွေ ချိုးဖောက်မိတော့တာဘဲ ။
YOU ARE READING
PAIN..(Complete)
Fanfic- Painfulness meaning is Darling - _️ နာကျင်မှု ရဲ့ အဓိပ္ပာယ်က မောင်ပါတဲ့ _ _ နာက်င္မႈ ရဲ့ အဓိပ္ပာယ်က မောင်ပါတဲ့ _ Zsww (Zhanyi fan fiction) Drama .. Start date -Nov.1.11.2021 End date -Apirl.24.4.2022 @Kyar_Nge