Uni ⚜️
__________
_ တစ်ခါတစ်လေ အချစ်ဆိုတာ ဘာလဲလို့
အတိတ်ကို ပြန်သွားရှာတဲ့အခါ
မင်းပေးခဲ့တဲ့ ဒဏ်ရာတွေ ဘဲပြည့်နက်လို့
နာကျင်မှုတွေဘဲ ပြန်ရခဲ့ပါသည်ပေါ့ချစ်သူ___________
" အဟက် မဂ်လာပွဲဖျက်မယ်ဟုတ်လားကျန့်"
"မင်း ကတိမတည်ခဲ့ဘူးလေ Daisy "
"ဝမ်ရိပေါ်က ကျန့်ကိုပြန်လက်ခံနိုင်မယ်လို့
ကျန့်က ထင်နေတာလား ဒီမှာ ကျန့်
ကျန့် လက်ခံခံ မခံခံ အခုချိန်မှာ ကျန့်အတွက်
ရွေးချယ်မှုက Daisyကလွဲလို့အခြား မရှိတော့ဘူး "ရှောင်ကျန့်သည် daisyအား စိတ်ရှုပ်စွာကြည့်လိုက်ပြီးနောက် ကုဒ်အတွင်းမှာ ထည့်ထားသော လက်မှတ်များကို စားပွဲပေါ် ပစ်တင်လိုက်သည်။
အသက်ငယ်ဟာ မည်သည့်အခြေအနေ မျိုးဖြစ်စေ ရှောင်ကျန့် အနားကထွက်မသွားဘူးဆိုတာ daisyက မေ့လျော့လို့နေသလားတော့ မပြောတတ်ပေ" ဒါဘာလဲကျန့် "
"မြင်တဲ့အတိုင်းဘဲ "
" ဘာလဲ daisyက ဒီတိုင်း ထွက်သွားလိမ့်မယ် ထင်နေတာလားကျန့် !!"
Daisyက စားပွဲပေါ်က လေယာဉ်လက်မှတ်တွေကို လွှင့်ပစ်ကာ ဆိုလာတဲ့အခါ
ရှောင်ကျန့် စိတ်ညစ်စွာဘဲ သက်ပြင်း အခါခါချမိသည်။ ဒီ အမျိုးသမီးက သူထင်တာထက် ပို အကြောတင်းနေသည်မှာ တစ်ကယ့်ကို အကျပ်ရိုက်စရာ" ကျစ်!! Daisy ကျေးဇူးပြုပြီး ငါ့ဘဝကို နှောက်ယှက်နေတာတွေ ရပ်လိုက်ပါတော့ "
"အဟက် အခုတော့ အနှောက်အယှက်လို့
ကျန့်ကပါ မြင်ခဲ့ပြီပေါ့လေ "မျက်ရည်တွေ ရစ်ဝိုင်းလာတဲ့ သူ(မ)ဟာ
ကျန်ရစ်နေတဲ့ သက်တမ်းသေးသေးလေးမှာပင် ချစ်သူနဲ့ ကုန်ဆုံးဖို့ကံပါမလာပုံ
သူ(မ)ဟာ အစကနေ အဆုံးထိ ချစ်ရသူ မျက်လုံးထဲတွင် အနှောက်အယှက် တစ်ခုထပ် မပိုခဲ့ကြောင်း ယခု သိခဲ့ရပြီဖြစ်သည်။
ကျဆင်းလာတဲ့ မျက်ရည်တွေကို ခပ်ကြမ်းကြမ်းသုတ်ကာ daisyဟာ မျက်လုံးဝိုင်းဝိုင်းများဖြင့် သနားစဖွယ်ကောင်းအောင် ကြည့်လာသည်။
YOU ARE READING
PAIN..(Complete)
Fanfiction- Painfulness meaning is Darling - _️ နာကျင်မှု ရဲ့ အဓိပ္ပာယ်က မောင်ပါတဲ့ _ _ နာက်င္မႈ ရဲ့ အဓိပ္ပာယ်က မောင်ပါတဲ့ _ Zsww (Zhanyi fan fiction) Drama .. Start date -Nov.1.11.2021 End date -Apirl.24.4.2022 @Kyar_Nge