Uni ⚜️
__________
_ တစ်ခါတစ်လေမှာ တစ်ချို့သော
မေတ္တာကြိုးတွေက ထုံးမိခဲ့ရင်
ဖြေရခတ်တယ် ချစ်သူ ___________
တိတ်ဆိတ်နေတဲ့ အိမ်တော်အတွင်း
မျက်နှာလွဲထားသော ရှောင်ကျန့်၏ မျက်ဝန်းများထံတွင်တော့ ရှုပ်ထွေးခြင်းများ နေရာယူလို့ Jokeက အသာပြုံးရင်းမှ" ရှောင်ကျန့် မင်းက ငါ့ကိုတောင်မယုံတော့တာလား "
"အသက်ငယ်နဲ့ ပတ်သတ်လာရင် ဘယ်သူ့ကိုမှ မယုံဘူး "
" ဒါပေမယ့် မင်းဖခင်ကိုတော့ မင်းယုံခဲ့တာဘဲလေ ရှောင်ကျန့်ရယ် "
" မင်းနားမလည်ဘူး အကို ငါတောင်းဆိုတာပါ အသက်ငယ် နားမှာ မနေပါနဲ့ "
Joke က ရှောင်ကျန့်ကို နားလည်ရခက်စွာ ကြည့်ပြီးနောက် ခေါင်းငြိမ့်ပြလာသည် ။
ရှောင်ကျန့်သည် သူသာသိခဲ့သော ထို ဖြစ်ရပ်အချို့ ဖခင်နဲ့ သူကြားက ရှုပ်ထွေးလွန်းတဲ့ ထို ကြိုးတွေဟာ ဖြတ်ရခတ်ကြောင်း
အသက်ငယ်အား ချစ်သည့်အချစ်များသည် ဘယ်လို အတ္တကြီးကြောင်းအကယ်၍ သူသာ ထပ်စိတ်လိုက်မာန်ပါလုပ်မိသွားရင် jokeကိုပါထိခိုက်လာမှာ မလိုလားပေ
ရှောင်ကျန့်သည်အသက်ငယ်နှင့်ပတ်သတ်လာလျှင် ဘာမှ မတွေးတတ်တော့သော
လူတစ်ယောက်ပင်" တစ်ကယ်တော့ ကိုယ်လာနှုတ်ဆက်တာ
နောက်တစ်ခုက ဘယ်လိုတွေဘဲ အချိန်ပြောင်းလဲလဲ ရှောင်ကျန့်နဲ့ ဝမ်ရိပေါ်က အမြဲ ကိုယ့်ညီလေးတွေဘဲဆိုတာ သိစေချင်ယုံပါ ""ဘယ်သွားမလို့လည်း "
" ကမ္ဘာပတ်ပေါ့ကွာ ဟက်ဟက် အချစ်က ပူလောင်တော့ အပျော်ဘဲ ရှာတော့မယ်
သိတယ်မလား မင်းအကိုက အသဲနုတယ်
ကဲ အဆင်ပြေပါစေ ညီလေး "ပုခုံးကို ပုတ်ကာ ထွက်သွားသော
Joke အား ပြန် နှုတ်ဆက််ဖို့မေ့လျော့ နေစွာ
ရှောင်ကျန့်သည် ငူငူကြီး ကျန်ရစ်ခဲ့ရသည်။
နွေးထွေးမှုတွေ မေတ္တာတွေ ခံစားခဲ့ရဖူးတဲ့
အဲ့နေ့ရက်တွေရဲ့ အမှတ်တရတွေက
ရှောင်ကျန့် အတွေးပုံရိပ်တွေမှာ တဝဲလည်လည်
![](https://img.wattpad.com/cover/290277266-288-k490438.jpg)
YOU ARE READING
PAIN..(Complete)
Fanfiction- Painfulness meaning is Darling - _️ နာကျင်မှု ရဲ့ အဓိပ္ပာယ်က မောင်ပါတဲ့ _ _ နာက်င္မႈ ရဲ့ အဓိပ္ပာယ်က မောင်ပါတဲ့ _ Zsww (Zhanyi fan fiction) Drama .. Start date -Nov.1.11.2021 End date -Apirl.24.4.2022 @Kyar_Nge