Zawgyi
အိမ်ကြီး၏အပေါ်ထပ်ရှိ သူ၏အခန်းထဲတွင် အိပ်ရာပေါ်လှဲကာ နဖူးပေါ်လက်တင်ပြီး အတွေးကမ္ဘာထဲသို့ သွားရောက်လည်ပတ်နေသော
ဆောင်းဟွန်း။
ခရီးမပန်းလာသော်လဲ အိပ်ရာထဲလှဲကာ အိပ်ပျော်သွားမလားဆိုပြီးနေ နေပင်မယ့် တစ်စက်မျှအိပ်မပျော်သောကြောင့်ညဟိုတွေး ဒီတွေး တွေး၍သာ အပျင်းပြေအောင်နေ နေရသည်။ရုတ်တရက်အတွေးကမ္ဘာမှထွက်ကာ ရထားစီးရင်းပင် စဉ်းစားခဲ့သည့် ဒီရွာ၏တောင်အကြောင်းဆက်ကနဲ သတိရသွားမိသည်။
" ဟုတ်သားပဲ.. ငါအလာတုန်းက ရထားပေါ်မှာ ဟိုတောင်ကိုပြန်သွားဂမလား မသွားရဘူးလားဆိုတာ ကောင်းကောင်းမဆုံးဖြတ်ခဲ့ရသေးဘူး၊ ငယ်ငယ်တုန်းက ငါကြုံတွေ့ခဲ့ရတာတွေက ဘာလဲဆိုတာ တိတိ ကျကျ ငါသိချင်သေးတယ်အဖြေထွက်ဖို့ဆိုရင်တော့ သွားရမယ်ဆိုတဲ့နည်းလမ်းအပြင်မရှိဘူး.. ဒါပေမယ့်ပြဿနာက အဘွားသိလို့မဖြစ်တာဘဲ.. နောက်ပြီး ငါကအခုမှရောက်တာဆိုတော့ ဘယ်လောက် အလျင်လိုနေပါစေ အခုချက်ချင်းသွားလို့လုံးဝရမှာမဟုတ်ဘူး.. ဒါနဲ့အဲ့တောင်က ငယ်ငယ်ကလောက်လဲ ကြောက်စရာမရှိလောက်တော့ပါဘူး.. အင်း.... ပျင်းလာပြီကွာ ထတော့မယ်.. ဘယ်နှစ်နာရီရှိပြီလဲမသိဘူး..."
အနားတွင် အားသွင်းထားသောဖာန်းကိုကောက်ကြည့်လိုက်တော့
" လေးနာရီထိုးတော့မှာဘဲ.. ဒေါ်လေးတို့ပြန်ရောက်ပြီလားမသိဘူး.."
အလျင်မြန်ပင်ထလိုက်ကာ အခန်းထဲမှထွက်၍အောက်သို့ ဆင်းလာလိုက်သည်။
" မြေး.. နိုးလာပြီလား ကောင်းကောင်းရော အိပ်ပျော်ရဲ့လား.."
" အမ်.. ကျွန်တော်မအိပ်ပါဘူး အဘွားရဲ့.."
" အော် အဘွားက မြေးကို ခရီးပန်းလာလို့ အိပ်ပျော်သွားပြီဘဲမှတ်တာ.."
" မဟုတ်ပါဘူး.. ခရီးလဲပန်းမလာပါဘူး.. အော် အဘွား. ကျွန်တော် အိမ်ရှေ့ခန လေကောင်းလေသန့်လေး ထွက်ရှူလိုက်အုံးမယ်နော်.."
" အော်.. အေး အေး.. ဒါနဲ့ ခုနတုန်းက ခေါက်ဆွဲပြုတ်ဘဲ စားထားတာဆိုတော့ သားအခုဗိုက်ပြန်ဆာနေမှာဘဲ.."
YOU ARE READING
''' l Just Want To Love You '''
Fanficထူးဆန်းတဲ့အချိန် ထူးဆန်းတဲ့နေရာမှာ ထူးဆန်းတဲ့မင်းနဲ့ တွေ့ဆုံခဲ့ရတယ်။ဘာမှန်းမသိရတဲ့ မင်းရဲ့ပုံစံကြောင့် ငါဟို အတိတ်ကာလမှာရောပစ္စုပ္ပန်မှာပါ အနည်းငယ်လန့်မိပေမဲ့ ထူးဆန်းလွန်းလှတဲ့မင်းဟာ ငါ့အတွက်တော့......... တဖြည်းဖြည်းနဲ့ထူးခြားလွန်းတဲ့သူ ဖြ...