Unicode
ဂျယ်ယွန်းနှင့်ဂျယ်ယွန်းအမေတို့၏ အ
ပေါ်တွင် ဂိုယွန်းဂျူ၏မိဘများက ကူညီ
ထားခဲ့သော ကျေးဇူးများရှိခဲ့သည်။ဂျယ်ယွန်းသုံးနှစ်သားလေးတွင် ဂျယ်ယွန်း အဖေဖြစ်သူသည် ရုတ်တရက်ပျောက်ဆုံးသွားခဲ့ကာ အခုထက်ထိအသက်ရှင်သေးလားတောင် မည်သူမျှမသိကြချေ။ထို့နောက် ဒုက္ခရောက်ရသူတို့မှာ ဂျယ်ယွန်းတို့သားအမိပင် မဟုတ်ပါလား..အမှန်တော့ ဂျယ်ယွန်းသည် သူ့၏အဖေဖြစ်သူကဲ့သို့ လူ့သွေးတစ်ဝက်နှင့် ဟိုးအရင်နှစ်ပေါင်းများစွာက လူတွေက ပျောက်ကွယ်သွားပြီဟုယူဆခဲ့ကြသည့် ယုံတမ်းပုံပြင်လိုလို အမှန်တကယ်တည်ရှိကြသလိုလို လူတိုင်း၏ပါးစပ်ဖျားတွင် ပြောဆိုခဲ့ကြဖူးသည့် သမန်းကျားဖြူရဲ့သွေးတစ်ဝက်ပါနေသည့် ကလေးဖြစ်သဖြင့် တဖြည်းဖြည်းနဲ့ ဂျယ်ယွန်းအမေဖြစ်သူမှာ သူ့ကိုမြို့တွင် ထားလို့မရတော့သည့် အခြေအနေသို့ရောက်ရှိလာလေတော့ ဂျယ်ယွန်းအမေ၏ ဇာတိဤရွာကလေးသို့ ရွှေ့ပြောင်းနေရဖို့ ဆုံးဖြတ်ရတော့သည်။ရွာသို့ရောက်ကာသူတို့ငှားမည့်အိမ်(အခုလက်ရှိဂျယ်ယွန်းတို့နေသည့် အိမ်)ကိုလာရောက်အခြေအနေကြည့်ကြသည်။ဤသို့ဖြင့် ဂျယိယွန်းအမေသည်လည်း ဤအိမ်၏ အခြေအနေသည် ဂျယ်ယွန်းကိုမွေးရန်အဆင်ပြေသောကြောင့် ထိုအိမ်မှာဘဲ အခြေချရန်ဆုံးဖြတ်လိုက်၍ အိမ်ပိုင်ရှင် ဂိုယွန်းဂျူ၏မိဘများကို ရောင်းပေးဖို့ပြောသည်။ ထိုပိုင်ရှင်က ယွန်းဂျူတို့မိဘများတစ်ဖြစ်လဲ ဂျယ်ယွန်းအမေ၏ သူငယ်ချင်းလင်မယားဖြစ်ကြသည်။ ဒါပေမယ့် သူတို့က ဂျယ်ယွန်းနှင့် ဂျယ်ယွန်းအမေတို့ကို သနားစာနာ၍
" သူငယ်ချင်းတွေဘဲ.. ကူညီပေးရမှာပေါ့.."
ဟုဆိုကာ ဂျယ်ယွန်းတို့နေမည့်ထိုအိမ်ကြီးကို မရောင်းပေးဘဲ ဘယ်အချိန်ထိနေနေရသည်ဟု ပြောခဲ့သည်။ ဂျယ်ယွန်းအမေကလဲ မည့်သို့ပင် သူငယ်ချင်းများဟုဆိုသော်လဲ အားနာသည့်အတွက်ကြောင့်
" မဟုတ်တာဘဲ.. ငါအိမ်ငှားခပေးပါ့မယ်.."
ဟုပြောတော့ သူတို့ကမယူခဲ့ကြ။ သူတို့ကလဲ
" ဟယ်.. မဟုတ်တာ.. ငါတို့လဲဒီလောက်ရှုပ်ပွနေတဲ့အိမ်ကို နင့်ကိုဘယ်လိုရောင်းရမှာလဲ.. ရောင်းဖို့မပြောနဲ့ ငှားတောင်မငှားပေးချင်ဘူး.. နေချင်ရင်တော့ နေလိုက်ပါ.. အပျက်အစီးလေးတွေတော့ရှိပေမယ့် ငါတို့ကူပြင်ပေးပါ့မယ်.. မနေတာကြာဘဲပစ်ထားတော့ အထဲမှာလဲ ဖုန်တွေချည်းဘဲ.. တော်တော်တော့ ရှင်းရလိမ့်မယ်.."
![](https://img.wattpad.com/cover/297997985-288-k940046.jpg)
YOU ARE READING
''' l Just Want To Love You '''
Fanficထူးဆန်းတဲ့အချိန် ထူးဆန်းတဲ့နေရာမှာ ထူးဆန်းတဲ့မင်းနဲ့ တွေ့ဆုံခဲ့ရတယ်။ဘာမှန်းမသိရတဲ့ မင်းရဲ့ပုံစံကြောင့် ငါဟို အတိတ်ကာလမှာရောပစ္စုပ္ပန်မှာပါ အနည်းငယ်လန့်မိပေမဲ့ ထူးဆန်းလွန်းလှတဲ့မင်းဟာ ငါ့အတွက်တော့......... တဖြည်းဖြည်းနဲ့ထူးခြားလွန်းတဲ့သူ ဖြ...