Unicode
.
.
.
.
.
.ထိုအချိန် သူ၏အနား ကားတစီးရောက်လာကာ
" Jaeyun ahh.. သားကဒီရောက်နေတာကိုး ရှာလိုက်ရတာ .."
ကာထဲမှ အလျင်လိုစွာထွက်လာသော Jaeyun Omma။ နောက်မှ ဂျယ်ယွန်းနှင့် လူကြီးချင်း သဘောတူထားသည့် ဂိုယွန်းဂျူဆိုသည့် မိန်းကလေးလဲပါ
လေသည်။ဂျယ်ယွန်း မတ်တပ်ရပ်နေရင်းမှပင် နေအပူရှိန်ကြောင့် နှာခေါင်းသွေးများ ထွက်လာသည်ကို ဂျယ်ယွန်းအမေ မြင်ဖြစ်အောင်ပင်မြင်လိုက်သေးသည်။
" Omo.. ဂျယ်ယွန်း သားနှာခေါင်းသွေးတွေလျှံနေပီ.."
" ဟယ်.. ဟုတ်ပါရဲ့ Oppaဘာဖြစ်တာလဲ.."
" အော်.. ဒါဘာမှမဟုတ်ပါဘူး နေအပူရှိန်ကြောင့် ဖြစ်တာ.. ဒီတိုင်းလက်နဲ့သုတ်လိုက်ရင်ဖြစ်တာဘဲ.."
" ကောင်စုတ်လေး.. မင်းရူးနေလား ဒီလောက်အများကြီးထွက်နေတာကို လက်နဲ့သုတ်လိုက်တာနဲ့ သွေးတိတ်သွားမယ်ထင်နေလား.. ဖြစ်မှာပေါ့ တနေကုန်အိမ်မကပ်ဘဲ နေပူကြီးထဲလျှောက်သွားနေတာကိုး.."
ပြောရင်းနှင့်ပင် လက်မောင်းကို အသာလေးရိုက်လိုက်သော ဂျယ်ယွန်းအမေ။
" အာ့ နာ.... အဲ "
" ဘာဖြစ်ပြန်တာလဲ လက်က.."
" အော် ဘာမှမဟုတ်ပါဘူး.. ပေးပေး ကျွန်တော့်ဘာသာသုတ်လိုက်တော့မယ်.."
ပြောရင်းနဲ့ သူ့အမေလက်ထဲမှ တစ်ရှူးကို ဇွတ်အတင်းလုယူလိုက်ပြီး ထိုနေရာမှထွက်ခွာဖို့ ခြေအလှမ်း။
" ဟဲ့ခနလေး.. မင်းဒါကဘယ်ကိုသွားအုံးမလို့လဲ အမေတယောက်လုံးနဲ့စကားပြောနေတာကို.. မလမစားနဲ့ ထပ်ထွက်သွားအုံးမယ်ပေါ့လေ.. ဒီမယ် မင်း အမေ မေးနေတာတွေ ဘာတခုမှ ကောင်းကောင်းမွန်မွန် မဖြေရသေးဘူးနော်.. မေးလိုက်ရင် " အော် ဒါဘာမှမဟုတ်ပါဘူး.. ဘာမှမဖြစ်ပါဘူး.." ဒါဘဲပြောပြောနေတာ.. အမှန်တိုင်းပြောစမ်း ဘယ်တွေသွားပြီး ဘာတွေလုပ်ပြန်လာတာလဲ.. ဟမ်..."
" ဟာ... အမေကလဲ ကျွန်တော်ပြောပြီးပြီလေ ဘာမှအထွေအထူးမဟုတ်ပါဘူးဆိုနေ.. ပြီးတော့ အခု ကျွန်တော်လုပ်စရာ ကိစ္စလေးရှိလို့ ထွက်သွားတာ.. အခုအရမ်းပင်ပန်းနေလို့ သွားနားတော့မယ်.. မသိဘူးဗျာ.. သွားပီ.."
YOU ARE READING
''' l Just Want To Love You '''
Fiksi Penggemarထူးဆန်းတဲ့အချိန် ထူးဆန်းတဲ့နေရာမှာ ထူးဆန်းတဲ့မင်းနဲ့ တွေ့ဆုံခဲ့ရတယ်။ဘာမှန်းမသိရတဲ့ မင်းရဲ့ပုံစံကြောင့် ငါဟို အတိတ်ကာလမှာရောပစ္စုပ္ပန်မှာပါ အနည်းငယ်လန့်မိပေမဲ့ ထူးဆန်းလွန်းလှတဲ့မင်းဟာ ငါ့အတွက်တော့......... တဖြည်းဖြည်းနဲ့ထူးခြားလွန်းတဲ့သူ ဖြ...