When Love Lasts - (1)

196 13 0
                                    

"ငါ မင်းကိုအရမ်းချစ်တယ်
မြတ်မြတ်နိုးနိုး တန်ဖိုးထားပြီး အထိအခိုက်မခံနိုင်အောင်ကိုချစ်တယ်ဆိုတာမင်းအသိပါပဲ

ဒါပေမယ့် Jenoရဲ့
ငါလေ...
အဲ့လိုချစ်နေရတာကိုမပျော်တော့ဘူး...
ပင်ပန်းတယ်

မချစ်ဘဲဟန်ဆောင်နေရလို့ပင်ပန်းတာမဟုတ်ဘူးနော်
ဒီအတိုင်းချစ်နေလို့ပင်ပန်းတာ
ဘယ်လိုလုပ်ရမလဲJeno
ဟမ်?
ငါဘယ်လိုဆက်လုပ်ရမလဲ"

ထမင်းစားပွဲမှာမနက်ချင်းဆိုင်ထိုင်စားနေရာမှJaeminကစကားစလာခဲ့သည်။
Jenoကလက်ကတူကိုပန်းကန်ဘေးအသာချ၊Jaeminမျက်နှာကိုငေးကြည့်ရင်းJaeminပြောတာကိုသေချာနားထောင်နေသည်။
ပင်ပန်းတဲ့အကြောင်းပြောနေပေမယ့် Jaeminအသံတွေကညင်သာအေးဆေးစွာပင်။

"မင်းပင်ပန်းနေတာ ငါသိပါတယ်
အဲ့လို မင်းပင်ပန်းနေတာမျိုးကိုငါမလိုလားတာကိုမင်းလည်းသိတယ်မဟုတ်လား
Jaemin ah...
ငါတို့လမ်းခွဲကြရအောင်"

ခန့်မှန်းထားတဲ့အဖြေပဲထွက်လာသည်မို့Jaeminမတုန်လှုပ်ပါ။
အဆင်မပြေကြောင်းထုတ်ပြောတိုင်း ပြန်ရလာတဲ့အဖြေကပြေလည်အောင်ကြိုးစားဖို့မဟုတ်ဘဲ အဆုံးသတ်ဖို့ပဲပြောတတ်တဲ့Jenoကိုသူစိတ်ကုန်ချင်ပြီထင်ပါရဲ့။

"လမ်းခွဲဖို့ဆိုတာအပြင် မင်းမှာတခြားနည်းလမ်းမရှိတော့ဘူးလား"

"မင်းမပျော်ဘူးလေ Jaeminရဲ့
မပျော်တော့တဲ့မင်းကိုငါ့ဘေးမှာဘယ်လိုဆက်ထားရက်မလဲ
ငါ့ကြောင့်ပင်ပန်းတာမို့ ငါ့ဆီကထွက်သွားမယ်ဆိုရင် အနည်းဆုံးတော့ မင်းမပင်ပန်းရတော့ဘူးလေ
ထွက်သွားပြီး မင်းလွတ်လွတ်လပ်လပ်နဲ့ပျော်နေမယ်ဆိုရင်လေ
ငါလက်လွှတ်နိုင်ပါတယ်"

Jenoကလေ ဒီစကားတွေကိုလေးလေးနက်နက်အကြည့်တွေနဲ့အတူ နူးနူးညံ့ညံ့ပြုံးရင်းပြောလာခဲ့တာ။
ရွဲ့ပြောနေတာမဟုတ်ဘဲ အတည်ပြောနေခဲ့တာ။

"မင်း ငါ့ကိုမချစ်တော့ဘူးမလားဟင်"

ခြောက်ကပ်ကပ်နှုတ်ခမ်းတွေကတဆင့် ဝမ်းနည်းရိပ်သန်းနေတဲ့စကားလုံးတွေက ဆို့နင့်စွာထွက်လာခဲ့သည်။

"ဘယ်လိုပြောလိုက်တာလဲ Jaemin!
ငါကမင်းကိုမချစ်ဘဲနေပါ့မလား"

"ဒါဆို...ဒါဆို ငါနဲ့ဝေးဖို့ဘဲဘာလို့ပြောနေတာလဲ
ချစ်တယ်ဆိုဘာလို့ ငါ့ကိုအဝေးပို့ချင်နေရတာလဲ"

When Love LastsWhere stories live. Discover now